အပိုင်း ၃၂၆+၃၂၇+၃၂၈+၃၂၉+၃၃၀

220 26 0
                                    

အပိုင်း (၃၂၆)

“  အနမ်းဆိုတာ နှုတ်ခမ်းကို နမ်းရမှာ။” 

Translator: Sparrow Translations  Editor: Sparrow Translations

“အမတ်မင်းဖန် သေပြီလို့ ကျွန်တော်မျိုးလည်း မထင်ဘူး။”  အထိန်းတော်ဝေ တီးတိုးပြောတယ်။

ဧကရာဇ်လင်းမုပိုင် မျက်မှောင်ကြုတ်သွားတယ်။ ဒါပေမယ့်  နောက်ထပ်စကား မဆို။ လက်မောင်းကို  လက်နဲ့ တစ်ချက်ပုတ်တယ်။  အဲ့ဒီ့နောက် ထရပ်တယ်။

“  တိုက်ခိုက်ေ၇း စာမေးပွဲကို တောင်ပိုင်း ဒေသမှာ ကျင်းပမယ်။ ဒီကိစ္စကို တောင်ပိုင်းဘုရင်နဲ့ ကိုယ်တော် ဆွေးနွေးပြီးပြီ။ အဓိက အကြောင်းရင်းက  နည်းဗျူဟာတွေ မျှဝေဖို့။ နောက်ပြီး  တိုက်ပွဲ စွမ်းရည်ကိုတိုးတက် စေဖို့ပဲ။”

“  စစ်သည်တစ်သိန်းကို ေ၇ှ့ပြေး လွှတ်ထားပြီးပြီ။”

“ မင်းတို့ကို မှာကြားစရာ တစ်ချို့ ရှိတယ်။  ပထမ -  အိမ်တော်တွေကို မနှောက်ယှက် နဲ့။  ဒုတိယ- လူစုလူဝေး အင်အားကြီးသုံးပြီး ထိတ်လန့်အောင် မလုပ်နဲ့။ သုံး - အကြောင်းရင်း မရှိပဲ မသတ်နဲ့။” 

အဓိကအကြောင်း တွေ ပြောပြီးတော့ ဧကရာဇ်လင်းမုပိုင် ရပ်တန့်တယ်။

“ အမိန့်တော် အတိုင်းပါ အရှင်။”   ပြိုင်ပွဲ၀င် ၂၉ ဦး တညီတညာတည်း ပြန်ဖြေတယ်။

“စာမေးပွဲ စည်းမျဉ်းက ရိုးရှင်းတယ်။ တောင်ပိုင်း ဒေသက အဓိက နေရာပဲ။  နယ်မြေ လေးခုမှာ မင်းတို့ နေရာ ယူ နိုင်တယ်။ ယန်ယ  ။ စီကျွမ်း။  မိုးထစ်ချုန်း ခြင်္သေ့ နယ်မြေနဲ့  အေးခဲမျောက်မင်း နယ်မြေ ။  နောက်ဆုံး ရလဒ်ကိုတော့ မင်းတို့ နယ်မြေ တွေ ထိန်းချုပ်တဲ့ ပုံစံနဲ့  အဆင့် သတ်မှတ်မယ်။ ”

“ နားလည်ကြလား။” 

“ နားလည်ပါတယ်။”

“  ထွက်ခွာမယ်။”

“ဝူ…..” စစ်ချီ ခရာသံ ထွက်ပေါ်လာတယ်။  တစ်သိန်းသော စစ်သည်တော်တွေ  ခေတ္တရပ်တန့်သွားတယ်။

မြို့တံတိုင်းပေါ်မှာတော့ မင်းသားကိုး။  အဝေးေ၇ာက်သွားတဲ့ စစ်တပ်ကြီးကို ကြည့်ရင်း…. သက်ပြင်းချတယ်။

နတ်ဘုရားမုခ်ဝ အတွဲ ၂ နတ္ဘုရားမုခ္ဝ အတြဲ၂ (201-355)Место, где живут истории. Откройте их для себя