အပိုင်း ၃၅၁+၃၅၂+၃၅၃+၃၅၄+၃၅၅

366 30 1
                                    

အပိုင်း (၃၅၁)

“  မူးမေ့သွားစေ နိုင်တဲ့ အလှတရား။” 

Translator: Sparrow Translations  Editor: Sparrow Translations

ဒုတိယ နေ့ မနက်။   ဖြူလွလွ မြူနှင်းတွေက မိုးကြိုး ခြင်္သေ့ နယ်မြေ တစ်ခုလုံးကို လွှမ်းခြုံထားတယ်။  မြေပြင်ပေါ်က  နှင်းဖြူဖြူ တွေနဲ့ ပေါင်းရင်။   ဟေမန္တဆောင်းကို  ငွေခြည် ဖြာနေတဲ့ အသွင်။   တပ်ဖွဲ့ကြီး တစ်ခု တိမ်မည်းကြီးလို  တလိမ့်လိမ့် တက် လာတယ်။    မိုးကြိုး ခြင်္သေံ့ ဒေသကြီး ရဲ့ မီတာ ငါးရာ အကွာမှာ   စောင့်ဆိုင်းနေတယ်။ အေ၇ှ့ ကောင်းကင်က မြင်ကွင်းကို လှမ်းကြည့်နေတယ်။   

အဖိုး တန်လွန်းတဲ့  ကျောက်စိမ်း သံချပ် ကာကို ဝူဖုန်း ၀တ်ထားတယ်။   ကျောက်စိမ်း လှိုင်း မြင်းက   တိမ်မည်း တပ်ဖွဲ့ကြီး ရဲ့ အနောက် မှာ။ သူ့  မျက်စိေ၇ှ့ နား တဖြည်းဖြည်း နီးလာတဲ့  မိုးကြိုး ခြင်္သေ့ ဒေသကို ကြည့်တယ်။    ခပ်ယဲ့ယဲ့ ပြုံးထားတယ်။

“  သတင်းပို့ပါတယ်။”  ဒီ အချိန် မှာပဲ။  ကင်းထောက်တစ်ယောက်  ခပ်ဝေးဝေး ကနေ ပြေး လာတယ်။  ဝူဖုန်း ေ၇ှ့ကို ရောက်လာတယ်။   ဒူးတစ်ဖက် ထောက်တယ်။

“ ပြော”  ဝူဖုန်း ချက်ခြင်း ပြန်ဖြေတယ်။

“  မိုးကြိုး ခြင်္သေ့ နယ်မြေ ရဲ့  အဓိက ဂိတ်တံခါး လုံး၀ ပွင့်နေပြီ။   စစ်သည်လေး တစ်ယောက် တောင် မရှိတော့ ဘူး။ ”    ကင်းထောက်က သူ မြင်တာကို ချက်ခြင်း ပြန်ပြောတယ်။ 

“ခုခံတပ်  မရှိဘူးပေါ့။” ဝူဖုန်း မျက်မှောင် ကြုတ်သွားတယ်။  သူ မေ၇ာက်ခင်။ ဖြစ် နိုင် ချေတွေ အားလုံးကို သူ စဉ်းစား ခဲ့တယ်။  ဥပမာ အားဖြင့် ချန်းဖေးယွီက  ခံစစ် နဲ့ အနိုင် တိုက်မယ်။ ဒါမှ မဟုတ်။  မိုးကြိုး ခြင်္သေ့ ဂိတ်တံခါးမှာ သူ့ကို စောင့် နေမယ်။ ဒါပေမယ့် ….. အခုတော့ ခုခံမှု လေး တစ်ချက် တောင် မရှိဘူးတဲ့လား။  မြို့ပျက်ကြီး ရဲ့  နည်းဗျူဟာလား။     ဝူဖုန်း က သင်ခန်းစာ တွေကို ကျေညက် တဲ့ သူပဲ။  စစ်တပ်ကို ဦးဆောင် တဲ့ အတွေ့အကြုံ    မရှိခဲ့ဘူး။  ဒါပေမယ့်   စစ်တပ် နည်းဗျူဟာတွေကို တော့ ကောင်းကောင်း နားလည်တယ်။    မြို့ပျက်ကြီး  ဗျူဟာက တစ်ခေတ် တစ်ခါမှာ ကျော်ကြားခဲ့တယ်။   ဘာမှ မရှိတဲ့ မြို့လွတ်ကြီး အဖြစ် အယောင််ဆောင်တယ်။  တိုက်ခိုက် ရဲ တဲ့ သူ ရှိရင် အထိနာမယ်။

နတ်ဘုရားမုခ်ဝ အတွဲ ၂ နတ္ဘုရားမုခ္ဝ အတြဲ၂ (201-355)حيث تعيش القصص. اكتشف الآن