အပိုင်း (၂၄၀) " သုခမိန်"

429 53 0
                                    

အပိုင်း (၂၄၀)
“ သုခမိန်”
Translator: Sparrow Translations  Editor: Sparrow Translations

ဖန်ကျန်းရှီမှာ မေးချင်တဲ့ မေးခွန်းတွေ အများကြီးရှိနေခဲ့တယ်။ ဒါပေမယ့်လည်း  အခုချိန်မှာ အရာအားလုံးထက် ပို အရေးကြီးတာရှိနေခဲ့တယ်။ 

ပင်းယန်က  ဘာလို့ ဒီစစ်တပ်တဲ ထဲမှာရှိနေတာလဲ။ နောက်ပြီးတော့ ချီကူယန်ကလည်း ဘာကြောင့် ဒီလောက် အရေးတကြီးနဲ့ ထွက်ပြေးရတာလဲ။

ဖန်ကျန်းရှီက   အခုချိန်မှာ   ဒဏ်ရာရနေတဲ့ င်္ချီကူယန် အတွက်  လမ်းရှင်းပေးဖို့ တာဝန် ရှိမှန်း သူသိတယ်။

ဒါပေမယ့် ပင်းယန်က သူ့ကို အဲ့လို အခွင့် အရေး မပေးဘူး။ ကြယ်တာရာစုဝေးမှု အဆင့် ပဲ ရှိသေးတဲ့ သူမဟာ  တော်ဝင် တိုက်ခိုက်ရေးစာမေးပွဲမှာ  အင်အား မပြည့်ပေမယ့်လည်း   စစ်တပ်သုံး ထဲတဲမှာတော့ သူမဟာ  သေခြင်း နတ်ဘုရားမတစ်ပါး သဖွယ် ဖြစ်နေတယ်။

“ ဟ ဟ ဟ ။  ငါ့ လမ်းကို ဘယ်သူ လာပိတ်ရဲလည်း”

ပင်းယန်ဟာ ချီကူယန် လောက်တော့ သန့်သန့်ရှင်းရှင်း ရှင်းလင်းတတ်တဲ့ အမျိုးအစားထဲ မပါ ဘူး။

သူမဟာ ၇ယ်မောရင်း  တဲ တစ်ခုလုံးကို  သတ်ဖြတ်ရှင်းလင်း ပြစ်နေခဲ့တယ်။

သိပ်မကြာခင်မှာ ပဲ။  ဖန်ကျန်းရှီ။ ချီကူယန်နဲ့ ပင်းယန် တို့ဟာ  တံခါးကို  ဖြတ်ပြီးတော့   အမှောင်ထုထဲကို ၀င်ရောက်ပျောက်ကွယ်သွားတော့တယ်။

ကန်လင်းတောင်ရဲ့ ည အချိန် ဟာတော့   မျှော်လင့်သလို  ငြိမ်သက်မနေခဲ့ပါဘူး။ လူတွေဟာ နေ့မှာ အလုပ်လုပ်သလို ။  သားရဲကောင်တွေဟာလည်း ည အချိန်မှာ လှုပ်ရှားကြတာ ဖြစ်တယ်။   ညဥ့်အချိန် ကျက်စားတဲ့  အသားစား သတ္တ၀ါတွေ ဟာ များပြားလှတယ်။

ဒါကြောင့် အော်သံ အူသံတွေနဲ့ သားကောင်တွေ ရဲ့ အော်ဟစ်သံ တွေ ပြည့်နှက်နေခဲ့တယ်။   ည ရဲ့ အမှောင်ထုအောက်မှာ   ပြင်းထန်တဲ့ တိုက်ပွဲ တစ်ခုဟာ ဖြစ်ပေါ်နေခဲ့တယ်။ 

ဖန်ကျန်းရှီဟာတော့  ဒီဒေသမှာ သူ အသက် ၇ နှစ်တည်းက နေခဲ့တာ ဖြစ်တယ်။  ဒါကြောင့်  ဒီတော အကြောင်းကို  အကုန်အစင် သိတယ်။

နတ်ဘုရားမုခ်ဝ အတွဲ ၂ နတ္ဘုရားမုခ္ဝ အတြဲ၂ (201-355)Hikayelerin yaşadığı yer. Şimdi keşfedin