အပိုင်း (၂၂၆)"ဖြည်းဖြည်း ချင်း ဆွဲထုတ်မယ်"

522 75 0
                                    

happy new year
happy 2020
အပိုင်း (၂၂၆)

"ဖြည်းဖြည်း ချင်း ဆွဲထုတ်မယ်"

Translator: Sparrow Translations Editor: Sparrow Translations

အပေါက်ကြီးရဲ့ အလယ်မှာတော့ နစ်ဝင်နေတဲ့ ဓားတစ်ချောင်း ရှိနေခဲ့တယ်။

ဒီဓားဟာ မယုံနိုင်စရာကောင်းလောက်အောင် သာမာန်ဓား တစ်လက် နဲ့သာ ဆင်တူနေခဲ့တယ်။ ဓားလက်ကိုင်မှာလဲ အထူးတလည် ထွင်းထုထားတဲ့ စည်း တံဆိပ်တွေ မရှိဘူး ဖြစ်တယ်။ ဓား ရဲ့လက်ကိုင်ကနေ အသွားအထိ တစ်ချောင်းလုံးဟာ စတင်တောက်ပလာခဲ့တယ်။

မှိန်ဖျော့ဖျော့ ခရမ်းရောင် အလင်းတန်းတွေဟာ မြေပြင်ကို လွှမ်းခြုံနေခဲ့တယ်။ ဒါဟာ နတ်ဆိုးအရှင် စစ်ခုန်ရဲ့ နောက်ဆုံးသော သွေးစက် တောက်ပမှုကို ကိုယ်စားပြုတဲ့ တောက်ပမှု အရင်း အမြစ် ဖြစ်ခဲ့တယ်။

ဒီဓားဟာ ထူးခြား ပြိုင်ဘက်ကင်းတဲ့ အသွင် မရှိသော်ငြား ညီလာခံ ခန်းမတွင်းက မည်သူ တစ်ဦးတစ်ယောက်ကမှ သာမာန် ဓား အလက် အဖြစ် အထင်မသေးဝံ့ ကြပါဘူး။

ဒါဟာ မုန့်ထျန်းရဲ့ ဓား ဖြစ်တယ်။ နတ်ဆိုး အရှင် စစ်ခုန်ကို ဇီဝန်ခြွေခဲ့တဲ့ သမိုင်းဝင် ဓား တစ်လက် ဖြစ်တယ်။

ညီလာခံခန်းမထဲက လူတိုင်းဟာတော့ ဓားကိုသာ မျက်တောင်မခတ်စတမ်းစိုက်ကြည့်နေခဲ့ကြတယ်။

" ဒါက သုခမိန် စစ်နတ် မုန့်ထျန်းရဲ့ ဓားလား။"

"ကောင်းလိုက်တဲ့ ဓားကွာ"

ဓားကို ကြည့်နေကြတဲ့ အမတ်မင်းတွေရဲ့ မျက်လုံးတွေ ထဲမှာတော့ လောဘ မောဟ တွေဟာ ပြည့်နှက်နေခဲ့တယ်။ ဒါပေမယ့်လည်း ဘယ်သူကမှ တစ်ချက်မလှုပ်ရဲခဲ့ဘူး။

ဒီဓားဟာ ထောင်ပေါင်းများစွာသော ဂုဏ်ပုဒ်တွေ ပြည့်နှက်နေတဲ့ အရာ ဖြစ်တယ်။

ကြီးမြတ်သော ရှ မင်းဆက် လူသား မျိုးနွယ် သူရဲကောင်း တစ်ယောက် ဖြစ်တဲ့ သုခမိန် စစ်နတ် မုန့်ထျန်း ရဲ့ လက်စွဲတော်။ လူသားမျိုးနွယ်ရဲ့ ဂုဏ်အသရေ ဖြစ်တဲ့ သူနဲ့ အတူ သူ့ရဲ့ ဓားဟာလည်း အမွေအနှစ် ဖြစ်တယ်။

သွမ့်အရှင် နဲ့ လင်းထျန်းရုံ တို့ရဲ့ မျက်လုံးတွေဟာလည်း ဓားကနေ မခွာ နိုင်ဖြစ်နေခဲ့ကြတယ်။ သွမ့်အရှင်ဟာတော့ လှုပ်ရှားလွန်းနေတဲ့ စိတ်နဲ့ အတူ ထိန်းမရ နိုင်အောင် တုန်ယင်နေတဲ့ သူ့လက်တွေကို အတော်လေး ဖုံးကွယ် နေခဲ့ရတယ်။

နတ်ဘုရားမုခ်ဝ အတွဲ ၂ နတ္ဘုရားမုခ္ဝ အတြဲ၂ (201-355)Where stories live. Discover now