အပိုင်း (၂၂၅) " ညီလာခံ ခန်းမထဲက အပေါက်ကြီး "

510 72 0
                                    

အပိုင်း (၂၂၅)
" ညီလာခံ ခန်းမထဲက အပေါက်ကြီး "
Translator: Sparrow Translations Editor: Sparrow Translations

ရှင်ချင်းစွေ့ နန်ကုန်းမု ရန်ရွှယ်တို့ဟာ ဖန်ကျန်းရှီ နဲ့ သူ့ဓား အတွက်ရောက်နေကြတာ ဖြစ်တယ်။

ဒါပေမယ့်လည်း သူတို့ အားလုံးသိတာကတော့ ဧကရာဇ် လင်းမုပိုင်ဟာ စကား အလွန်အကျွံ ပြောဖို့ ငြင်းဆန်ပြီးတော့ ကောင်စီဝင်တွေ အလိုက်တသိပြောဖို့ကိုသာ စောင့်နေခဲ့တယ် ဆိုတာပဲ ဖြစ်တယ်။

ဧကရာဇ် ရဲ့ ဆန္ဒကို ဆန့်ကျင်တာဟာ အန္တရာယ်များလှတယ်။

ဒါပေမယ့်လည်း တစ်ယောက်ကို တစ်ယောက်ကြည့်ပြီးနောက်မှာတော့ သူတို့တွေ ရဲ့ မျက်လုံးထဲ ဆုံးဖြတ်ချက်ဟာ ထင်ရှားလာခဲ့တယ်။

ရှင်ချင်းစွေ့ဟာ ရပ်နေတာ အချိန် ကြာလှပြီ ဖြစ်တဲ့ အတွက် ဖြူဖျော့နေခဲ့တယ်။ တိုက်ခိုက်ရေးစာမေးပွဲမှာတည်းက ရင်ဘတ် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားခဲ့တာ ဖြစ်တယ်။ ဒီကို သယ်လာတာ ခံရပေမယ့်လည်း အချိန် အကြာကြီး မတ်တပ်ရပ်နေခဲ့ရတဲ့ အတွက် သူ ဟာ နာကျင်မှု ပြင်းထန်လာတော့တယ်။

ဒါပေမယ့်လည်း တိုက်ပွဲပေါင်းများစွာကို တိုက်ခိုက်ခဲ့သူ ဖြစ်ပြီးတော့ စစ်နတ်ကျောင်းတော်ရဲ့ ဆက်ဆံသူ ဖြစ်တဲ့ အတွက်သူဟာ သူယုံကြည်တဲ့ အရာအတွက် အပြည့်အ၀ ရပ်တည်မှာ ဖြစ်တယ်။

ရှင်ချင်းစွေ့ ဟာေ၇ှ့ကို တစ်လှမ်းတိုးလာခဲ့တယ်။ ဒါပေမယ့်လည်း စကား တစ်ခွန်းမှ မပြောခဲ့ဘူး။

ရန်ရွှယ်နဲ့ နန်ကုန်းမုဟာလည်းေ၇ှ့ကို တိုးလာခဲ့တယ်။

"အရှင်မင်းမြတ်"

သူတို့သုံးဦးလုံး ဘာမှ မပြောရသေးခင် အချိန်မှာပဲ ဖန်ကျန်းရှီဟာ ရှေ့ကို ထွက်လာပြီးတော့ သူတို့ကို ပိတ်ဆို့လိုက်တယ်။ အဲ့ဒီ့နောက် သူဟာ ပြုံးပြလိုက်တယ်။

ရှင်ချင်းစွေ့ နဲ့ နန်ကုန်းမုတို့ ရောက်လာတာကို သူလည်း မတွေးတတ်ပါဘူး။ ဒါပေမယ့်လည်း သူတို့ ရောက်လာမှာတော့ ဧကရာဇ်ကို အတိုက်အခံ လုပ်ခွင့် မပြုနိုင်ဘူး။

အစကနေ အဆုံးအထိ သူ နားထောင်ပြီးပြီ။ အမတ်မင်းတွေ ပြောခဲ့တဲ့ အရာတွေ အားလုံးကို သူ တွေးထားပြီးသား ဖြစ်တယ်။ ဧကရာဇ်က သူ့ကို မြို့တော်မှာ နေပြီး အမတ် လုပ်စေချင်တာကပဲ သူ့ကို အံ့သြစေတယ်။

နတ်ဘုရားမုခ်ဝ အတွဲ ၂ နတ္ဘုရားမုခ္ဝ အတြဲ၂ (201-355)Where stories live. Discover now