Ep(1)

29.1K 733 9
                                    

စေလိုရာစေ..

(Unicode)

"မေမေ..သား ဆေးခန်းသွားတော့မယ်..သားပြန်လာရင် ဘာဝယ်ခဲ့ရမလဲ..မေမေ မှာချင်တာရှိရင် ဖုန်းဆက်လိုက်နော်..သားအပြန်ဝယ်ခဲ့မယ်"

မနက်ဖြန် ရောင်းရမယ့် စိန်တွေ အရည်သွေး ကောင်းမကောင်း ဒေါ်နန်းရည်သွဲ့ သေချာ ကြည့်နေတုန်း လှေကားဆီမှ လက်တစ်ဖက်က သရေအိတ်လေးကို ကိုင်ကာ တစ်ဖက်က အက်ျီလက်ကို ကမန်းကတန်းခေါက်တင်ရင်း ခပ်သွက်သွက် ဆင်းလာတဲ့  သားတော်မောင် အသံကြောင့် လုပ်လက်စကို ခဏရပ်လိုက်ကာ..

"သားရယ်..အခုမှ ဆေးရုံက ပြန်ရောက်တယ်..ခဏနားပါဦးလား..ဆေးခန်းကို နည်းနည်း နောက်ကျမှ ဖွင့်လည်း ရတဲ့ဥစ္စာ..သားကြည့်ရတာ ပင်ပန်းလိုက်တာ"

"အဟင်း..ဒီနေ့က ဆေးခန်းစဖွင့်တဲ့ ရက်လေ မေမေရဲ့..အဲ့ဒါကြောင့်ပါ..ပြီးတော့ လူနာတွေကို စောင့်ခိုင်းရတာ အားနာလို့"

"အင်းပါ..မေမေတော့ သားကို အဲ့ဒီနေရာမှာ ဆေးခန်းဖွင့်တာ သိပ်သဘောမကျဘူး..ဖြစ်နိုင်ရင် အထူးကုဆေးခန်းတွေမှာပဲ..သားကိုထိုင်စေချင်တယ်..ဒါပေမယ့် သားကို ပြောလို့ရမှာလည်းမဟုတ်ပါဘူး..ဟင်း"

"အဟီး..စိတ်မပူပါနဲ့ မေမေရာ..သားကိုက အဲ့လို ဆေးခန်းရှားတဲ့..နေရာမျိုးမှာ အရင်ကတည်းက ဖွင့်ချင်ခဲ့တာ..အခုတော့ သားဆန္ဒပြည့်ပြီလေ"

လေညှင်း အခု ဖွင့်တဲ့ နေရာက လမ်းသွယ် လေးခုဆုံတဲ့ လမ်းထိပ်ကလေးမှာ။ပြီးတော့ ရပ်ကွက်ငယ်လေးတွေ စုစည်းထားပြီး လူတန်းစား အလယ်အလတ် စသည်ဖြင့် နေထိုင်ကြတယ်။

လေညှင်းတို့လို အိမ်ယာဝန်း မဟုတ်ပေမယ့်လည်း သူစည်းသူ့ကမ်းနဲ့ နေသူချည်းပင်။တစ်ခုပဲ ကားလမ်းမကြီးနဲ့ သိပ်မနီးပဲ မြို့ရဲ့ အစွန်ဖျားကျနေတာလေး တစ်ခုပင်။လမ်းအနည်းငယ် ကြမ်းတယ်ဆိုပေမယ့် ဆေးခန်းရောက်ခါနီး ဆယ်မိနစ်လောက် လမ်းဆင်းလျောက်ရင် အဆင်ပြေတာပဲလေ။

"မေမေ စိတ်ပူတာက..သားပြန်တဲ့အချိန်ကလည်း မှောင်နေပြီ..ပြီးတော့ နေရာက နည်းနည်းချောင်ကျတယ်သားရယ်..အဲ့ဒါကြောင့်ပါ..အဲ့လိုနေရာတွေက ညဆိုရင်..သားကိုအန္တာရာယ် ဖြစ်မှာစိုးတယ်..အခုခေတ်က ဘယ်သူ့ကိုမှ ယုံလို့ရတာမဟုတ်ဘူး"

စေလိုရာစေ(Completed)Where stories live. Discover now