Ep(52)

5.3K 251 6
                                    


စေလိုရာစေ...

(Unicode)

"မောင်က ဒီလိုလေးဝတ်လိုက်တော့လည်း လူကြီးလေးလို ခန့်ငြားနေရော.."

ကော်လံကတုံး အဖြူလေးကို တံတောင်ဆစ်နားထိ ခေါက်တင်ထားပြီး ပုဆိုးခရမ်းရောင် ကွက်စိပ်လေးကို အဆီပိုမရှိသည့် တောင့်တင်းသော ခန္ဓာကိုယ်ထက် ချပ်ချပ်ရပ်ရပ်ဝတ်ဆင်ထားသည့်မောင်က လေညှင်းမျက်လုံးထဲ တမျိုးလေး ကြည့်ကောင်းလို့နေသည်။

ညက မွေးနေ့လက်ဆောင်ပေးခဲ့တဲ့ cufflinkလေးကို လက်ကြယ်သီးပေါက်မှာ သေချာဝတ်ပေးလိုက်တော့ မောင်ကသဘောကျသည်ထင်သည်။ကြယ်သီးပေါ်က စာသားလေးတွေကို အသာဖွဖွ ပွတ်သပ်နေပြီး
နူတ်ခမ်းထောင့်စွန်းတွေလည်း တွန့်ကွေးလို့နေသည်။

"ဒါပေါ့..မောင်က အရင်ကဆို clubက ပျိုမဒီတွေကြား..တမ်းတမ်းစွဲ လိုချင်ကြတဲ့ မှော်စက္ခပဲလေ..အဟင်း..ဘာဝတ်ဝတ်လိုက်တယ်ဆိုတာ မောင်သိပြီးသား"

"ကိုယ့်ကိုကို အထင်ကြီးလွန်းနေပြီ မောင်..နည်းနည်းလျော့ဦး..အင်း..သေချာကြည့်ရင် မောင်က အဲ့လောက်လည်း မချောပါဘူးနော်..မျက်နှာက ပိန်ရှည်ရှည်..အရပ်ကလည်း ကလန်ကလားနဲ့..ပြီးတော့ စတွေ့ခါစကဆို ရုပ်တည်ကြီးနဲ့ ကြောက်စရာကြီးကို.."

လေညှင်းက ပုခုံးတွန့်ပြီး ကြောက်တဲ့ပုံလုပ်ပြတော့ မောင်ကသဘောတကျရယ်သည်။

"ဟား..ဟား..ကလေးလေးတစ်ယောက် သဝန်တိုရင်တိုတယ်မပြောဘဲ..ဒီကောင့်ကို body shamingလုပ်နေတယ်ဗျို့"

ပထမတော့ ကိုယ့်ယောက်ျားကို အမွှမ်းတင်နေသလိုလိုနဲ့ ကပ်ဖဲ့နေတဲ့ ဒေါက်တာလေးပါလေ။

"ဟင်..မတိုပါဘူးနော်..ကောင်မလေးတွေ အမြင်မှားတယ်ဆိုတာ လေညှင်းက ထောက်ပြရုံသက်သက်ပဲ"

"ဟုတ်ပါပြီကွာ..ဒီကမောင်ကပဲ အရှုံးပေးပါတယ်..ဟုတ်ပြီလား"

"အရှုံးဆိုတာ အနိုင်ယူတဲ့သူရှိမှ ပေး ရတာလေ မောင်ရဲ့..မောင့်အပေါ် ချစ်လို့ စိတ်ဆိုးစိတ်ကောက် မိတာတွေက.. မောင့်ကိုအနိုင်ယူသလိုများဖြစ်နေသလား..မောင်"

"မဖြစ်ပါဘူးကွာ..မောင်က ဒီကလေးလေးအတွက်ဆို ဘယ်အရာမဆို အကုန်အလျော့ပေးပြီးသားပဲလေ..အဲ့တော့ မောင့်အပေါ် ဆိုးချင်သလိုဆိုးလို့ရတယ်..
ဒီတစ်လောကလုံးမှာ မှော်စက္ခသည်းခံမယ့်သူက ဒီက အရှင်သခင်လေးတစ်ယောက်တည်းပဲ"

စေလိုရာစေ(Completed)Where stories live. Discover now