Ep(28)

5.3K 268 5
                                    

စေလိုရာစေ..

Unicode

"အဟွန်း..ထားပါ..ငါက အသေးလေးကို မင်းလက်ထဲက လုခဲ့တာပဲဆိုပါတော့..ဒါပေမယ့် မင်းသိလား..အသေးလေးက မင်းကိုချစ်လို့ ပြန်လက်ခံခဲ့တာမဟုတ်ဘူး..ပြီးတော့ မင်းရဲ့အမှောင်ဖက်ခြမ်းကို သူသိသွားခဲ့ရင် မင်းနဲ့ဇာတ်
လမ်းက ဒ​ီမှာ တစ်ခန်းရပ်ပြီ..​​ေဩာ်..တစ်ခုကျန်သေးတယ်..မျိုးထက်သာ..မင်းက MKဂိုဏ်းချုပ် ဦးမင်းခစိုင်းနဲ့ တထေရာတည်းပဲ..ဟက်..ဟက်"

"ဆရာ..ဒါဆို..သူက MKဆက်ခံမယ့်သူ.."

"သိပ်ဟုတ်တာပေါ့..တစ်ဖက်မှာ ဆရာဝန်..အမှောင်မှာတော့ မူးယစ်ခေါင်းဆောင်ရဲ့သား..ဟ..ဟား..ဒီတစ်ခါတော့ ပွဲသိမ်းပဲ..မရဏရဲ့ အမှိုက် MKကိုရော..ငါ့အသေးလေးကို ကြောင်တောင်နိူက်မယ့်ကောင်ရော..တစ်ခါတည်းရှင်း..အိုး..ဟိုး..ဘယ်လောက်မိုက်လိုက်သလဲ.."

"မိုးစက်!..MKကို သတင်းပို့လိုက်..သားလား..MKလား နှစ်ခုထဲက ကြိုက်ရာရွေးလို့..ဟ..ဟား"

".မင်းငါ့အဖေကို မထိနဲ့ မှော်စက္ခ!!သတ်ချင် ငါ့ကို သတ်ပစ်လိုက်.."

မှော်စက္ခ သူ့ကို MKကသားမှန်း အရိပ်မိလောက်ဘူးထင်ခဲ့ပေမယ့် အခုတော့ စီစဥ်ထားတာတွေ တလွဲဖြစ်ကုန်သည်။

ကလေး ဟုတ်တယ် ကလေးသာလျှင် သူ့ကို ဒီအခြေနေက ရုန်းထွက်နိုင်စေမှာ။

"ကောင်းပြီလေ..သိပ်သေချင်နေတော့လည်း ဆန္ဒဖြည့်ဆည်းပေးရမှာပေါ့.."

မှော်စက္ခ မိုးစက်လက်ထဲက သေနတ်က ပြောင်းကိုင်လိုက်တာနဲ့ မျိုးထက်သာ မျက်စိစုံမှိတ်ထားလိုက်သည်။

"ဒိုင်း..ဒိုင်း!!"

ရှေ့ဆင့်နောက်ဆင့် သေနတ်သံနှစ်ချက်ထွက်ပေါ်လာပြီးနောက် မျိုးထက်သာကို ချိတ်ဆွဲထားသည့် သံကြိုးတွေ ပြတ်ထွက်သွားပြီး မြေပြင်ပေါ်သို့ အရုပ်ကြိုးပျက် ခွေကျသည်။အစက ရိုက်နှက်ထားတဲ့ ဒဏ်ကြောင့်ရော သံကြိုးဒဏ်​ပါပေါင်းပြီး မျိုးထက်သာ လဲနေရာကနေ မထနိုင်။
နောက်ထပ် ချိန်လာတဲ့ သေနတ် ပြောင်းအောက် သူ့အသက်နှင့် ကံကြမ္မာကို အလောင်းစားလုပ်လိုက်သည်။

စေလိုရာစေ(Completed)Where stories live. Discover now