Ep(46)

6.1K 287 7
                                    

စေလိုရာစေ...

(Unicode)

မနက်ခင်း နေခြည်နုနုလေးက ပြတင်းတံခါးမှတဆင့် မိုးပြာရောင်အခန်းလေးထဲ ချဥ်းနင်းဝင်ရောက်လာသည်။

နာရီကြည့်တော့ မနက်6နာရီမို့ ခါးထက် တင်းကျပ်စွာ ဖက်တွယ်ထားသော လက်အစုံကို အသာလေးဖယ်ပြီး ထမည်အလုပ် တစ်ကိုယ်လုံး ပြန်ဆွဲချခံလိုက်ခြင်းနှင့်အတူ လေညှင်း၏ ကျောပြင်လေးသည် ခပ်နွေးနွေး ရင်ခွင်ကျယ်ကြီးနှင့် ဆွေ့ခနဲပြန်လည်ထိကပ်လို့သွားသည်။

"မောင်..လေညှင်း ဆေးရုံသွားရဦးမယ်လေ"

တစ်ညလုံး စက္ခရဲ့ရင်ဘတ်ပေါ်မှာ ဖားပျံလေးကပ်သလို အိပ်နေခဲ့သူလေးက စက္ခရဲ့ ရင်ဘတ်နဲ့ကွက်တိ။ဆံသားအိအိလေးတွေ ပျော်စံရာ ခေါင်းလုံးလုံးလေးကို မနေနိုင်စွာ ရွတ်ခနဲနမ်းလိုက်သည်နှင်​့ သဘောတကျ ရယ်သံလေးက ထွက်ပေါ်လာသည်။

"မောင်ကလေ..ကလေးလေးကျနေတာပဲ.ဘယ်အချိန်မဆို..လူကိုလိုက်ထိပြီး ချွဲလိုက်ရမှ"

"အင်း....ဒီက ဒေါက်တာကိုကိုကို အရူးအမူးစွဲလန်းနေတဲ့ မူပိုင်ရှင်ကလေးပေါ့.. မောင်လေ ..ဖြစ်နိုင်ရင် အသေးလေးကို ဘယ်မှမလွှတ်ချင်တော့ဘူး....ဒီအတိုင်းလေး မောင့်မျက်စိရှေ့မှာပဲ တယုတယလေး ထားချင်တော့တာ"

"မောင်ကတော့ ပိုပြီ"

"အဟား...ပိုတယ်ဆိုတာထက် မောင်က လိုနေတယ်တောင် ထင်နေသေးတာ.."

"ဒါနဲ့ အသေးလေး ဆေးရုံသွားလို့အဆင်ပြေပါ့မလား..မနေ့က ကိစ္စနဲ့ ပက်သက်ပြီး.."

မနေ့က လေညှင်းကိုယ်တိုင် မောင့်လက်ကိုဆဲွဲပြီး
စင်ပေါ်တက်၍ လေညှင်းနဲ့တရားဝင်လပ်ထပ်ထားတဲ့ အိမ်ထောင်ဖက်အမျိုးသားအဖြစ် အတိအလင်း မိတ်ဆက်ပေးခဲ့သည်။

လူအများစုက ကြားကြားချင်း အံဩသယောင် အရိပ်ယောင်ဖြစ်သွားကြပေမယ့် ဘာမှအထွေထူးတော့ ကဲ့ရဲ့ပြောဆိုခြင်းမရှိခဲ့ကြ။ပါတီပြီးတာနဲ့ အလျိုလျိုပြန်သွားကြပြီး လေညှင်းနဲ့ရင်းနှိးတဲ့ ဆေးရုံက ဆရာဝန် နက်စ်တွေကတော့ ပတ်ဝန်းကျင်က ဘာဖြစ်ဖြစ် နှစ်ယောက်သား လက်တွဲမဖြုတ်ပဲ ရှေ့ဆက်လျောက်ကြဖို့နဲ့ သူတို့လက်ခံနိုင်တဲ့အကြောင်းပြောခဲ့ကြသည်။

စေလိုရာစေ(Completed)Where stories live. Discover now