Ep(45)

6.5K 313 11
                                    

Recommend song:မျိုးကြီး(အဆိပ်ခွက်)

စေလိုရာစေ...

(Unicode)

"......"

"ဒီအတိုင်းလေးပဲ ဘယ်သူမှမသိအောင် ဖုံးကွယ်ထားရင်ရော..ဟို အစ်မတို့က အကြံပေးကြည့်တာနော်..သွဲ့လေးက ဆရာဝန်တစ်ယောက်ဆိုတော့ ကိုယ်နဲ့အမြဲထိတွေ့ဆက်ဆံရမယ့် နယ်ပယ်ကလည်း ရှိသေးတယ်မလား..မှော်စက္ခကြောင့် သွဲ့လေးတက်လမ်းတွေ ပိတ်ကုန်မှာစိုးတယ်"

ထိုအချိန်ခဏ မှော်စက္ခသည် လေညှင်းတို့ဝိုင်းအနားကို ရောက်လာသည်နှင့်တိုးပြီး နှင်းလဲ့ပြောတာကြားသွားသည်ထင်သည်။လာရာလမ်းအတိုင်းပြန်လှည့်သွားတာကြောင့် သွဲ့လေးကို အသိပေးဖို့ လုပ်ရသည်။ကိုယ်က အစ်မတစ်ယောက်အနေနဲ့ စေတနာနဲ့အကြံပေးတါ မှန်ပေမယ် သွဲ့လေးတို့ ချစ်သူနှစ်ယောက်ကြား အထင်မြင်တွေလွဲမှားအောင်ဆိုတဲ့ အကြံစည်တစိုးတစိမှမပါဝင်ရိုးအမှန်ပါ။

"လေညှင်း ဆုံးဖြတ်ပြီးပြီ အစ်မ..လက်ရှိဘဝကို ဘေးဖယ်ပြီး စက္ခကို ရွေးချယ်လိုက်ကတည်းက
ဒီလိုအရာတွေ လေညှင်းဂရုစိုက်နေတော့မှာမဟုတ်ဘူး..."

"အင်းပါ..သွဲ့လေး ဆုံးဖြတ်ချက်ကို အစ်မတို့သဘောကျပါတယ်..အခုတော့ ထလိုက်သွား
လိုက်ဦး..ဟိုမှာ မှော်စက္ခ ဒီဘက်ကိုလာနေရင်း အစ်မတို့ပြောနေတာ ကြားပြီး အထင်လွဲသွားတယ်ထင်တယ်"

လေညှင်း လှည့်ကြည့်လိုက်တော့ မှော်စက္ခကို စတိတ်စင်ဘေးက ဖြတ်ပြီး ခြံအနောက်ကို သွားဖို့ ဦးတည်နေသည်။

"Hello!..ပွဲကို ပိုအသက်ဝင်သွားအောင် သီချင်းလေး ဆိုဖို့ ဝါသနာရှင်တစ်ယောက်လောက်
ဖိတ်ခေါ်လိုက်ရင်မကောင်းဘူးလား ကိုယ့်လူတို့..."

ဦးစံ အသံက တစ်ခြံလုံး ကြည်လင်ပြတ်သားစွာ ပျံ့နှံသွားပြီးနောက် ပါတီပွဲလာသူတို့၏ အားပေးထောက်ခံသံက တပါတည်း ထွက်ပေါ်လာလေသည်။

"ကဲ..ဖွင့်ပွဲအနေနဲ့ ကျွန်တော့်ရဲ့ တူသမက်လေးကို ဖိတ်ခေါ်ပါရစေဗျာ..မောင်စက္ခရေ..ဒီည တစ်ပုဒ်လောက် လုပ်ပါဦးကွ"

စက္ခသည် လေညှင်းကို ရံဖန်ရံခါ ဂီတာတီး သီချင်းဆိုပြသည်ကို ဦးစံသိထားတာကြောင့် အခုလိုဖိတ်ခေါ်ခြင်း ဖြစ်နိုင်သည်။

စေလိုရာစေ(Completed)Where stories live. Discover now