Ep (21)

6.4K 320 14
                                    


စေလိုရာစေ..

(Unicode)

📌Warning
If you are under 18,skip this episode.

္"ညီမ..နန်းရည်..သားလေးက နောက်ကျလိုက်တာနော်..လမ်းမှာ ကားတွေပိတ်နေလို့များလား"

"ဟုတ်..အားနာလိုက်တာအမသင်းယုရယ်..ခဏလေးပါ..ညီမ ဖုန်းထပ်ဆက်ကြည့်လိုက်ပါ့မယ်"

ဒေါ်နည်းရည် အားနာနာနဲ့ ဧည့်ခန်းထဲကနေ ထထွက်လာခဲ့ပြီး ခြံထဲဆင်း၍ သားဖုန်းကို ထပ်ခေါ်လိုက်သည်။

စက်ပိတ်ထားသည်ဟုသော အမျိုးသမီးအသံက ဒီအချိန်မှာတော့ သူ့သိက္ခာတရားကို ချိန်းခြောက်လို့နေသည်။

မိုက်ရူးရဲမဆန်လောက်ဘူးဆိုပြီး ငါ့သားကို အမေယုံကြည်ထားခဲ့တာ။အခုတော့ အမေတစ်ဖက်သတ် ယုံကြည်နေခဲ့မိတာလား။

"အမ..တူလေးက ဘာဖြစ်လို့လဲ..ကျွန်တော် ဖုန်းခေါ်တာလည်း မရဘူး.."

စောင့်နေရတာ အချိန်ကြာလာတော့ မိန်းကလေးရှင်ဘက်က ဆွေမျိုးတွေက မျက်နှာပျက်လာကြပြီး တီးတိုးပြောလာကြတာကြောင့် ဦးစံ အမနောက်ကိုလိုက်လာခဲ့ခြင်း။

"မတ်လေး..မင်းတူတော့ အမကို အရှက်ခွဲသွားပြီ
ထင်တယ်.."

"ဘာ..မဖြစ်နိုင်တာ..အမ တစ်ခုခုများ မှားသိထားသလား..တူလေးက အဲ့လိုလုပ်မယ့်သူမဟုတ်ဘူး..ကျွန်တော်ယုံတယ်"

ထိုအချိန် ဇိမ်ခံကား အနက်ရောင်တစ်စီးက ခြံထဲထိုးစိုက်လာသည်။

ပထမ သားရဲ့ကားလို့ ထင်လိုက်ပေမယ့် ကားပေါ်မှ ဆင်းလာသူက အသားဖြူဖြူ အရပ်ရှည်ရှည် နှာတံထင်းပြီး မျက်ခုံးတွေ တွန့်ကွေးထားတဲ့ သားအရွယ် ကောင်လေးတစ်ယောက်။

ကြည့်လိုက်တာနဲ့ မြွေတစ်ကောင်လို ညို့ငင်စွမ်းပါးရှိတဲ့ လွန်းအိမ်ပုံစံ မျက်ဝန်းကျဥ်းတွေကို ပိုင်ဆိုင်ထားသူ။

တစ်ကိုယ်လုံး နက်စွေးနေအောင် ဝတ်ဆက်ထာစခြင်းက မှော်စက္ခရဲ့ ရှည်လျား ဖြောင့်မတ်တဲ့ ခန္ဓာကိုယ်ကို အတိအကျ ပုံဖော်ထားသည်။

"ဒီက လေညှင်းသွဲ့ အမေနဲ့ဦးလေး..ဟုတ်ပါရဲ့လား"

စေ့စပ်ပွဲဖိတ်ထားတဲ့ ဧည့်သည်လို့ ဒေါ်နန်းရည်သွဲ့ ထင်လိုက်ပေမယ့် ထိုကောင်လေးကို သူတိ​နြှစ်ယောက်ဆီကို တန်းတန်းမတ်မတ် ရောက်ချလာသည်။

စေလိုရာစေ(Completed)Where stories live. Discover now