Ep(42)

5.5K 285 6
                                    

Recommend song:ဆုန်သင်းပါရ် (သခင်)

စေလိုရာစေ...

(Unicode)

ညနေ ခြောက်ခွဲလောက် အိမ်ပြန်ရောက်တော့ လူကတနေကုန်ပင်ပန်းထားတော့ ငြီးစီစီ။အပေါ်တက်ပြီး ရေချိုးပြီးတာနဲ့ တစ်ခါတည်းအိပ်ပစ်လိုက်ဖို့ စဥ်းစားထားသည်။

အခန်းရှေ့ရောက်တော့ ဂီတာသံသဲ့သဲ့ ကြားလိုက်သည်မို့ အံ့ဩသွားမိသည်။ကီးမကိုက်အောင် တီးခတ်နေတာမဟုတ်ဘဲ သီချင်းမဆိုပေမယ့် ခပ်အေးအေး သံစဥ်က တံခါးကို ဖြတ်၍ ငြင်ငြင်သာသာ စီးဆင်းလာသည်မို့ တမျိုး နားထောင်လို့ကောင်းနေသည်။

လူဆိုးဂိုဏ်းခေါင်းဆောင်လုပ်ခဲ့တဲ့ စိတ်ကြမ်းကိုယ်ကြမ်း မှော်စက္ခလိုလူက ဒီလိုတွေလည်း စိတ်ဝင်စားတာပဲတဲ့လား။

"​ေဩာ်..အသေးလေးတောင် ပြန်လာပြီ..ဒီနေ့ အဆင်ပြေခဲ့ရဲ့လား"

လေညှင်းဝင်သွားတော့ တီးခတ်နေတဲ့ သံစဥ်ကို တိခနဲ့ရပ်လိုက်ပြီး ဂီတာကို ရင်ခွင်ထဲပိုက်၍ မေးလာသူ။

"အင်း.."

"......"

"ဒါနဲ့ မင်းဂစ်တာတီးတတ်တယ်လား"

"ကိုထွန်းဆီက မောင်သင်ထားတာ"

"အသေးလေး နားထောင်ချင်လား..မောင်သီချင်းတစ်ပုဒ် တီးပြမယ်လေ"

"....."

ဆိတ်ဆိတ်နေခြင်းက ဝန်ခံခြင်းပေမို့ အစပျိုး သံစဥ်ကို စတင်တီးခတ်လိုက်သည်။

🎶🎶...

သီချင်းတွေထဲမှာ မင်းအမြဲရှိနေတယ်×××

ကိုယ့်ရဲ့အတွေးတွေ မင်းပဲ​ြဖစ်နေရမယ်...

ခံစားချက်တိုင်းကိုဖန်ဆင်းပေးတဲ့သူ××

ဘဝတစ်ခုလုံးဟာ မင်းကြောင့်လှနေတော့မယ်..

ကိုယ့်ခြေလှမ်းတွေ မင်းအမြဲလိုက်နေတယ်××

ကိုယ့်မျက်လုံးမှာ မင်းရဲ့အကြည့်တွေပဲ..

နေ့တွေညတွေ အကုန်သိမ်းပိုက်တဲ့သူ××

ဘဝတစ်ခုလုံးမှာ မင်းက ကိုယ့်သခင်ဖြစ်မယ်..

စေလိုရာစေလိုက်တော့ သခင်××

စေလိုရာစေ(Completed)Where stories live. Discover now