Ep(12)

6K 349 6
                                    


စေလိုရာစေ..

(Unicode)

"ဆရာ..ဆေးရုံအုပ်က ရောက်ရင် သူ့ရုံးခန်း လာခဲ့ပါဦးတဲ့"

ဆေးရုံ ဓာတ်လှေကားကနေ ထွက်ထွက်ချင်း သူ့ရဲ့လက်ထောက် နပ်စ်မလေး အမသင်းမွှေးက ဦးစံခေါ်နေကြောင်း အသိလာပေးသည်။

"​ဟုတ်ပြီ..မသင်း..ခဏနေ ကျွန်တော်သွားလိုက်ပါ့မယ်"

ဒီရက်အတောတွင်း ဦးစံနဲ့လည်း သိပ်စကားမပြောဖြစ်။ဆေးရုံတစ်ခုတည်းဆိုပေမယ့် အခုတလော အရေးပေါ်လူနာတွေက ဆက်တိုက်ဆိုသလို ဖြစ်နေတော့ ဦးစံဆီ မသွားဖြစ်ပေ။ဒီနေ့တော့ သွားလိုက်ဦးမှာပါ။နို့မို့ဆို "ငါ့တူကနေနိုင်တယ်ကွာ" လို့ အစချီပြီး မနားတမ်း စကားနာ ထိုးတော့မယ့် သူ့ဦးစံ အကြောင်း သူသာအသိဆုံး။

"​ေဩာ်..ငါ့တူ ရောက်လာပြီလား..လာ..ထိုင်"

ဦးစံ ရုံးခန်း အလယ်က ဆိုဖာခုံမှာ ဝင်ထိုင်လိုက်တော့ ဦးစံက သူ့အလုပ်စားပွဲကနေ ထလာသည်။
ဦးစံက အဖေ့ရဲ့ညီအငယ်ဆုံး ဖြစ်ပြီး ပိန်ပိန်ရှည်ရှည်နဲ့ ဆံပင်ကို အမြဲတမ်းလှန်တင်ထားတဲ့ အသက်လေးဆယ်အရွယ် လူပျိုကြီးပေါ့။ဦးစံ "မိန်းမမယူသေးဘူးလား" မေးရင် အပူတေ​ွမရှာချင်ဘူး ငါ့တူရာ ဆိုပြီး အရင်လို ဓာတ်ပြားဟောင်းကြီး ဖွင့်ပြနေဦးမည်သာ။

ဥ​ီးစံက ရန်ကုန်မှာ အထူးကုဆေးရုံခွဲ လေးခုဖွင့်လှစ်ထားပြီး အေးရိပ်ငြိမ်ဆိုတဲ့ မိဘမဲ့ဂေဟါနဲ့ဘိုးဘွားရိပ်သာကိုလည်း ရန်ကုန်မှာ ဖွင့်လှစ်ထားသည်။ပြောရမယ်ဆိုရင်တော့ ဥ​ီးစံက ပရဟိတလည်း့လုပ်ရင်း ဝါသနာပါတဲ့ ဆေးလည်းကုရင်းနဲ့ ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေသူပင်။

"ဒီလို..ငါ့တူရ..ဒီနေ့ ဦးစံတို့ ဆေးရုံကို စင်ကာပူက ဆရာဝန် တစ်ယောက်..ရောက်လာလိမ့်မယ်..ပထမ သူက ဟိုမှာပဲ လုပ်နေတာ..ဗမာလူမျိုး..ဘွဲ့တွေလည်းယူထားတာမနည်းဘူး..အခုတော့ ဇာတိမှာ ပြန်လုပ်ချင်တယ်ပေါ့ကွာ..အဲ့ဒါ Mr. Thomasက ဦးစံဆေးရုံကို လွှဲပေးလိုက်တယ်လေ"

"အင်း..ကောင်းတာပေါ့ ဦးစံရဲ့..သူ့လို ကျွမ်းကျင်ဆရာဝန်တစ်ယောက် ထပ်ရောက်လာတော့..လူနာတွေအတွက် ပိုအဆင်ပြေသွားတာပေါ့"

စေလိုရာစေ(Completed)Where stories live. Discover now