Ep(27)

5.4K 290 0
                                    


စေလိုရာစေ...

(Unicode)

"မဟုတ်ဘူး..ဦးစံ..ဦးစံ အထင်လွဲနေတာ..သား..ဦးစံကို ဘာတစ်ခုမှ ဖုံးကွယ်ထားတာမရှိပါဘူး..သားကိုယုံကြည်ပေးပါ..ဦးစံ"

"အဲ့ဒါဆို စေ့စပ်ပွဲနေ့က..လပ်ထပ်စာချုပ်နဲ့ မဏ္ဍပ်တိုင်တက်သွားတဲ့ သူက ဘယ်သူလဲ..ပြီးတော့ အမအသည်းအသန်ဖြစ်နေတာတောင်..ဖုန်းပိတ်ပြီး ​ခြေရာဖျောက်သွားတာကရော..ငါ့တူဘာပြောမလဲ..ဒါတွေအားလုံးက
ငါ့တူ လုံးဝမသိပါဘူးလို့ မပြောနဲ့နော်..စာချုပ်မှာ ငါ့တူလက်မှတ် အထင်းသား ပါဝင်နေတာ ဦးစံမျက်စိနဲ့ တပ်အပ်မြင်ခဲ့ပြီးသား..ဒါကို အထင်လွဲနေတာပါလို့ ဆင်ခြင်ပေးဦးမယ်ဆိုရင်တော့ ..ဦးစံ ငါ့တူဆီက ဘာဖြေရှင်းချက် မှ ထပ်မလိုချင်တော့ဘူး"

"မဟုတ်ဘူး..ဦးစံ..အဲ့လူက သားကိုရည်ရွယ်ချက်ရှိရှိ အကွက်ချပြီး အနိုင်ယူသွားခဲ့တာ..သားဘာဆိုဘာမှမသိခဲ့ပါဘူး..သားကိုယုံပေးပါ..ဦးစံ..အခုလည်း လေညှင်း အဲ့လူဆီကနေ လွတ်မြောက်ဖို့လမ်းစရှာမတွေ့လို့ ဦးစံကို ဖုန်းဆက်အကူညီတောင်းတာပါ..ဦးစံ..သားကိုနောက်ဆုံးအနေနဲ့ ကူညီပေးပါနော်"

" ဒီမှာ ငါ့တူ..မင်းတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်သဘောကျလို့ တရားဝင်လပ်ထပ်ပြီးခဲ့ပြီ..အဲ့တော့ ဦးစံ ပြောချင်တာက..
ကိုယ်မှန်တယ်ထင်လို့ ရွေးချယ်ခဲ့ပြီးသား လမ်းတစ်ခုအတွက် ဘယ်တော့မှ နောင်တမရပါနဲ့..ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ငါ့တူ
ဆက်လျောက်ပါ..

တနေ့တော့ ငါ့တူလိုချင်တဲ့ ပျော်ရွင်မှုကို ရှာတွေ့ပါစေလို့ ဦးစံမျော်လင့်ပါတယ်..ပြီးတော့ လတ်တလော ဦးစံဖုန်းကိုင်ဖြစ်မယ်မထင်ဘူး..စင်ကာပူမှာ ဆေးရုံခွဲတစ်ခု ထပ်ဖွင့်ဖို့ သွားမှာမို့လို့ အနည်းဆုံး နှနှစ်လောက်ကြာလိမ့်မယ်..ပြန်လာမှ ဦးစံတို့ထပ်တွေ့ကြတာပေါ့ကွာ..အခုတော့ ဦးစံoperation caseတစ်ခုရှိလို့ ဖုန်းချလိုက်တော့မယ်နော်..ပျော်ရွင်ပါစေ..ငါ့တူလေညှင်းသွဲ့..bye"

"တီ"

တိတ်ဆိတ်သွားပြီဖြစ်တဲ့ ဖုန်းလေးကို ငေးကြည့်ရင်း မျက်ရည်စလေးတွေ တဖန်ဝေ့သီလာသည်။
အခုတော့ လေညှင်းရဲ့ နောက်ဆုံးမျှော်လင့်ချက်လည်း ပျက်ပြယ်သွားခဲ့ပြီ။လောကကြီးမှာ တစ်ဦးတည်းသော ကျန်သေးတဲ့ ဦးစံကလည်း သူ့ကို ဥပေက္ခာပြုသွားခဲ့ပြီ။

စေလိုရာစေ(Completed)Where stories live. Discover now