Ep(24)

5.7K 306 7
                                    


စေလိုရာစေ...

(Unicode)

"ငါ့ အမေနဲ့တွေ့ခွင့်ပေး"

ထမင်းစားရင်းနဲ့ ရုတ်တရတ် ထပြောတဲ့ အသေးလေး။အသေးလေးကို ခိုးပြေးလာတာ တစ်လတောင်ပြည့်တော့မယ်။အခုထိ အသေးလေးက သူ့အပေါ် လေသံမာမာနဲ့ ဆက်ဆံတုန်း။

အဲ့လို အကြောတင်းတာလေးကိုပဲ စက္ခ ချစ်နေရတာပဲ။စိတ်ဆိုးတာတောင် အလှမပျက်တဲ့ အသေးလေး နေ့ရှိသရွေ့ စနောက်လိုက် ရန်ဖြစ်လိုက်နဲ့ သူ့ဘဝက အရင်ကထက် ပိုစိုပြည်လာခဲ့တာ ဒီလူပုစိတ်တိုလေးကြောင့်။ထစ်ခနဲရှိ သူ့နဲ့အပြိုင် ဒေါသကြီးတတ်ပေမယ့် မျက်ရည်လည်း
တယ်လွယ်တဲ့ ဒေါက်တာလေး။

"ကတိပေးနိုင်လား"

"ဘာကိုလဲ.."

"ခင်ဗျားအမေနဲ့ တွေ့ခွင့်ပေးရင်..ကျုပ်ဆီက ထွက် မပြေးပါဘူးဆိုတဲ့ကတိ"

"အဟင်း..မင်းက ချစ်တယ်သာပြောနေတာ..ငါ့အပေါ်ကျတော့ ယုံကြည်မှုတစ်စက်လေးမှမရှိဘူး.."

"ခင်ဗျားကို ယုံတယ်..ယုံကြည်လွန်းလို့ ကျုပ်ဘဝတစ်ခုလုံး ခင်ဗျားလက်ထဲ ပေးအပ်ထားတာ..ဟိုအကောင်..မျိုးထက်သာ..အဲ့ကောင်ကိုပဲ မယုံတာ..ခင်ဗျားကို အမြဲတမ်း ကျားချောင်းချောင်းနေတဲ့ကောင်"

သူခိုးက လူပြန်ဟစ်တယ်ဆိုတာ ဒါမျိုး။ဘယ်သူက ကျားချောင်းချောင်းပြီး သူ့ကို သားကောင်လို သဘောထားနေလဲဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ကွက်ကွက်ကွင်းကွင်းကြီး ထင်ရှားနေတာတောင်မှ။

"ကိုမျိုးက မင်းလောက် မရမ်းကားဘူး..သူ့မှာ စောင့်စည်းရမယ့် ကျင့်ဝတ်..သိက္ခာတရား..ဒါတွေအကုန် သူ့မှာရှိတယ်..ပြီးတော့ သူက ငါ့ထက်အသက်ကြီးတဲ့သူ..ဟိုအကောင်လို့ ခေါ်တာ သိပ်ရိုင်းတယ်"

"ခင်ဗျားအကောင်ကို စကားနဲ့တောင် အထိခိုက်မခံနိုင်ဘူးဆိုပါတော့..လင်ကြီးငုတ်တုတ်ရှိနေရက်နဲ့ ခင်ဗျားမို့..တောက်!!"

"အမလေး..အကိုလေးတို့ရယ်..ထမင်းဝိုင်းမှာတော့ ရန်မဖြစ်ကြပါနဲ့..တကတည်း..တစ်ယောက်က အလျော့မပေး..တစ်ယောက်ကလည်း ခေါင်းမာမာနဲ့..ဟင်း..ဒီလင်လင်နှစ်ယောက်နဲ့တော့ ခက်ပါတယ်.."

စေလိုရာစေ(Completed)Where stories live. Discover now