Ep(50)

6.1K 272 4
                                    


စေလိုရာစေ...

(Unicode)

ခြောက်လခန့်ကြာသော်....

ဆေးရုံအခန်းတစ်ခုထဲတွင် ဒေါ်လုံး ကိုထွန်း
မိနွယ် ဦးစံတို့က ဘေးပတ်လည် ကာရံထားပြီး အလည်က ကုတင်မှာတော့ စက္ခက မျက်လုံးပတ်တီးဖြေဖို့ စောင့်ဆိုင်းနေလျက်ရှိသည်။

"ဆရာ ပတ်တီးစဖြေတော့မယ်နော်..လူနာက ပတ်တီးဖြေပြီးတာနဲ့ မျက်လုံးကို ချက်ချင်းမဖွင့်သေးနဲ့ဦး...နည်းနည်းချင်း အချိန်ယူပြီး ဖွင့်ကြည့်ပါ..အကယ်၍ တစ်ခုခု အဆင်မပြေတာရှိရင်
ဆရာ့ကို ချက်ချင်းပြော ဟုတ်ပြီလား..ကဲ..စမယ်နော်"

လေညှင်း မောင့်ရဲ့အေးစက်ထုံထိုင်းနေတဲ့ လက်တွေကို ပြန်လည်ဆုပ်ကိုင်ပေးထါးရသည်။ သူ့ကို ပထမဆုံးငေးကြည့်လာမယ့် မောင့်မျက်ဝန်းကြည်ကြည်လေးတွေ မြင်ရတော့မှာကြောင့် စိတ်လှုပ်ရှားနေသည်မှာ ရင်ဘတ်ဆီမှ တဒိန်းဒိန်းခုန်လှုပ်နေသည်ကသက်သေပင်။

"ကဲ..ရပါပြီ..နည်းနည်းချင်း စဖွင့်ကြည့်ပါ"

စက္ခ မျက်ခွံကို အသာပင့်မလိုက်တော့ ပထမဆုံး ဝင်ရောက်လာသည်က ခပ်စူးစူးအလင်းတန်း။အမှောင်ထဲ နေသားကျနေတာမို့ စစချင်းနေ့အလင်းရောင်ကို ခံနိုင်စွမ်းမရှိသေးတာမို့ မျက်စိကို ပြန်မှိတ်လိုက်ရသည်။

"စိတ်အေးအေးထားနော်..မောင်..လေညှင်းအနားမှာရှိတယ်...ဘာမှစိတ်မပူနဲ့.."

ထို့နောက် အားယူပြီး မျက်လုံးကို ပြန်ဖွင့်ကြည့်တော့ မှုန်ဝါးဝါး မြင်ကွင်းအချို့ကို စမြင်ရပြီး
နောက် အနားက ဗီတာမင်လေးရှိရာ အကြည့်ရွေ့လိုက်တော့ ဝေဝါးနေခဲ့သည့် ပုံရိပ်လေးက တဖြည်းဖြည်း ကြည်လင်လို့လာတော့သည်။

"ကလေး..မောင့်ရဲ့ကလေးလေး!"

စက္ခရှေ့က မျက်ရည်အဝဲသားနဲ့ အားယူပြုံးပြနေသူလေးရဲ့ မျက်နှာကို လက်နှစ်ဖက်နဲ့ ပွတ်သပ်ကိုင်တွယ်တော့ ကလေးက ခေါင်းလေးတဆတ်ဆတ်ညိတ်ပြလာပြီး ပျော်လွန်းလို့ ငွေ့ရည်ဖွဲ့ကာကျရောက်လာသည့် မျက်ရည်ဥလေးတွေက စက္ခလက်ပေါ်စီးဆင်းလို့လာသည်။

"ဟုတ်ပါတယ်...မောင့်ရဲ့ဒေါက်တာလေးပါ..မောင်ရဲ့တစ်ဦးဆိုင် လူသားလေး လေညှင်းပါ..မောင်...အင့်..ဟင့်"

စေလိုရာစေ(Completed)Where stories live. Discover now