Ep(44)

5.5K 296 5
                                    

စေလိုရာစေ...

(Unicode)

ဘာလိုလိုနဲ့ စက္ခနဲ့လေညှင်းတို့နှစ်ယောက်လုံးရဲ့ တစ်နှစ်ပြည့် ani ကို မသိဟန်ဆောင်ပြီး ဖြတ်သန်းခဲ့ကြသည်။စက္ခကလည်း လေညှင်းကို ဘာမှ မမေးခဲ့သလို လေညှင်းဘက် မှလည်း sutpriseဖြစ်အောင် ပါတီကျင်းပတဲ့နေ့မှ လက်ထပ်လက်စွပ်လေး ပြန်လုပ်ပြီး အတိတ်က ဖြစ်ပျက်ခဲ့တာတွေ အားလုံးမေ့ပစ်ပြီး အရာရာ အသစ်ကနေ ပြန်စတင်ဖို့ တွေးထားသည်။

"မောင်စက္ခ မျက်စိစစ်ဆေးထားတယ်လို့ ဦးစံကြားတယ်..ရလဒ်က ဘယ်လိုလဲ သားငယ်..
ပြသနာရှိ​ေနလား"

အလှူရှင်ဆီက မျက်ကြည်လွှာ အစားထိုးခွဲစိတ်ခံယူဖို့ဆို ကာယကံရှင်က မျက်စိကို အရင်ဆုံး စစ်ဆေးရသည်။မျက်ကြည်လွှာ ယူရမယ့် အတိုင်းအတာနဲ့ ခွဲစိတ်ပြီးချိန်မှာ နောက်ဆက်တွဲ ပြသနာရှိမရှိ စစ်ဆေးပြီးမှ မျက်ကြည်လွှာ အစားထိုးလို့ရပေသည်။

"ဟုတ်..ပြသနာတော့ မရှိလောက်ဘူး ဦးစံ..ဒါပေမယ့် တစ်ခုတော့ရှိတယ်..မျက်ကြည်လွှာ အလှူရှင် ရှာရဦးမယ် ..ဒီအစိတ်အပိုင်းက လိုအပ်တဲ့သူတွေ များနေတာဆိုတော့ အလှူရှင်တွေ့ဖို့က သိပ်မလွယ်လောက်ဘူး"

မျက်ကြည်လွှာသည် အခြားအစိတ်အပိုင်းများနဲ့စာရင် လိုအပ်သူပိုများသည်ကြောင့်ရော လှူဒါန်းသူက အာရုံကြော စနစ်ပြသနာရှိနေလျှင် အစားထိုး ခံယူဖို့ ခဲယဥ်းပေသည်။

"ဘာမှစိတ်မပူမနေနဲ့ သား..ဦးစံတစ်ယောက်လုံးရှိတယ်..ဟုတ်ပြီလား..တစ်ခုခု အဆင်မပြေတာရှိခဲ့ရင် ဦးစံ တတ်နိုင်သလောက် ကူညီပေးမယ်"

"ဟုတ်..ကျေးဇူးပါဦးစံ"

"မလိုပါဘူး ငါ့တူရာ.."

ပါတီပွဲနေ့..

မီးသီးရောင်စုံလေးတွေနဲ့ ခြံထဲရှိ စကားဝါပင်ကြီးမှာ တွဲလောင်းချ အလှဆင်ထားသည့် မီးဆိုင်းကြိုး လေးတွေက ပါတီပွဲကို ပိုပြီးခမ်းနားအောင် ဖော်ဆောင်နေသည်။

အနောက်တိုင်း သီချင်းသံစဥ်ခပ်မြူးမြူးကလည်း တစ်ခြံလုံး လွင့်ပျံနေသည်မို့ ပါတီပွဲရောက်လာသူမှန်သမျှ ပိုပြီး စိတ်အားတက်ကြွစေလေသည်။

စေလိုရာစေ(Completed)Where stories live. Discover now