Ep(14)

6K 356 2
                                    


စေလိုရာစေ..

(Unicode)

ကိုမျိုး ကားထွက်သွားတာ သေချာပြီဆိုမှ ခြံတံခါးလေးကို တွန်းဖွင့်ပြီး ဝင်ဖို့အလုပ် ချက်ချင်းဆိုသလို သန်မာတဲ့ လက်တစ်စုံရဲ့ တားမြစ်ခြင်းကို ခံလိုက်ရပြီးနောက် လေညှင်း တစ်ကိုယ်လုံးသည်လည်း လေပေါ် စွေ့ခနဲ မြောက်တက်သွားလေသည်။

"မှော်စက္ခ!!မင်း ဘာလုပ်တာလဲ..ချပေး..အခုချက်ချင်း အောက်ချပေးလို့ ပြောနေတယ်လေ!!"

လူဆိုးကောင်ကို ဘယ်သူမှ တားမရဘူးဆိုတာ သိပေမယ့်လည်း လေညှင်းတစ်ယောက် ရူးမိုက်စွာ အော်နေမိတုန်းပဲ။ပတ်ဝန်းကျင်က အမှောင်ရိပ်ရှိပေမယ့် ခြံတစ်ခြံလုံး အလှမီးလုံးလေးတွေ မြိုင်နေအောင် ထွန်းထားတာကြောင့် အခု ဖြစ်နေတဲ့ သူ့အခြေနေကို မေမေ မြင်သွားမှာ စိုးတယ်။

ထို့ကြောင့် ရှ်သမျှ အားနဲ့ ပွေ့ထားတဲ့ လူဆိုးကောင် လက်ထဲကနေ လွတ်မြောက်အောင် ခြေထောက် နှစ်ချောင်း တဖြတ်ဖြတ်ခတ်ပြီး အားထုတ်မိသည်။သို့သော် အချည်းနှီးသာ။

နောက်ဆုံးကျတော့လည်း လေညှင်းခမျာ သူ့ရဲ့လက်တွေကနေ လွတ်မြောက်အောင် ကြိုးစားရင်း ကားအနားရောက်တာနဲ့ တံခါးကို အကြမ်းပတမ်း ဆွဲဖွင့်လိုက်ပြီး လေညှင်း ကိုယ်လေးကို ဆွေ့ခနဲ့ lover seatပေါ် ပစ်တင်လိုက်တာ မသိရင် သက် မဲ့ရုပ်လေးအလား။

ထို့နောက် လူဆိုးကောင်က ကားမောင်းတဲ့ဘက်ကနေ တံခါးဖွင့်ဝင်လာပြီး လေညှင်းကို သူ့ပေါင်ပေါ် ပွေ့တင်လိုက်တာကြောင့် အလန့်တကြား ပြေးဆင်းဖို့ ကြံလိုက်သည်။

သို့သော် ခါးနေရာက သွေး​ကြောတွေထောင်နေတဲ့ လက်တစ်စုံက သူ့ခါးကို ခပ်တင်းတင်း ဆွဲဖက်ထားတာကြောင့် အခုအနေထားက လေညှင်းက လူဆိုးကောင်နဲ့မျက်နှာချင်းဆိုင် ခွထိုင်လျက်သား ဖြစ်သွားပြီး မှော်စက္ခရဲ့ ဝင်သက်ထွက်သက်က သူ့နဖူးပေါ်မှာ။တစ်ချက် ရူထုတ်လိုက်တိုင်း ပူပြင်းတဲ့အငွေ့အသက်က တအုံ့နွေးနွေး ဒေါသတွေကို ဖော်ပြနေသလို။

သူကြောက်တယ်။အခုလို လူဆိုးကောင်ရဲ့ အေးစက်စက် မျက်နှာကို မကြည့်ရဲစွာပဲ မျက်နှာလွဲဖယ်မိတော့ မှော်စက္ခက လက်ညိုး လက်မသုံးပြီး သူ့မေးစေ့ကို ဖျစ်ညစ်ပြီး အကြည့်ချင်း မရမက ဆုံစေသည်။

စေလိုရာစေ(Completed)Where stories live. Discover now