Ep(10)

7.2K 372 6
                                    


စေလိုရာစေ..

(Unicode)

"မိနွယ်..လူနာကျန်သေးလား"

"မိနွယ်..ညီမ!"

အရှေ့က ပြန်ထူးသံမကြားတာကြောင့် လေညှင်း တစ်ချက် ပြုံးမိသည်။ကြည့်ရတာ ဒီကလေးမ သူခေါ်တာ မကြားရလောက်အောင် ဘယ်လောက်တောင် အိပ်ငိုက်နေလည်းမသိ။

"မိနွယ်..လူနာ..."

လေညှင်း ဆေးကောင်တာနားကို ထွက်လာပြီး မိနွယ်ကို ခေါ်ဖို့အလုပ် ဆေးခန်းထဲ ဝင်လာတဲ့သူကြောင့် ခဏတာ ဆွံအသွားခဲ့သည်။သူတစ်ပတ်လုံး ရှောင်ပြေးနေခဲ့သူ။

သူ့ကိုတွေ့ရင် ယုန်သူငယ်လေးကို အမိအရဖမ်းတော့မယ့် ကျားတစ်ကောင်လို အမြဲတစေ ရက်စက်ကြမ်းကြုတ်တဲ့ အမူယာတွေ ပြည့်နှက်နေတဲ့သူ။ သေချာတာပေါ့ သူက လေညှင်းကလွဲလို့ လူတိုင်း ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ မရဏဂိုဏ်းရဲ့ မှော်စက္ခ။အခုလည်း မိနွယ်ကို ခြိမ်းခြောက်ပြီး အိမ်ပြန်လွှတ်လိုက်ပုံရတယ်။

"ဟက်..ဒီတခါတော့ ခင်ဗျားပြေးလို့လွှတ်မယ်မထင်ဘူး"

"မင်း..မင်း.."

သူ့ရှေ့ကို ရှည်သွယ်တဲ့ ခြေတံရှည်နေတဲ့ တစ်လှမ်းချင်း လှမ်းလာတဲ့ မှော်စက္ခ။ခပ်မှေးမှေးအကြည့်နဲ့ ခနဲ့တဲ့တဲ့ အပြုံးက ကြက်သီးထစရာ ကောင်းလောက်အောင် လုပ်ယူထားတာ လေညှင်းမကြိုက်တဲ့ အချက်တွေထဲက တစ်ခုဆိုမမှားဘူး။

"ပျော်စရာကောင်းလား..ဟမ်..ကျုပ်ကို ရှောင်ပုန်းနေရတာ"

"ဘယ်..ဘယ်သူက ရှောင်နေလို့လဲ..ငါမင်းကို ရှောင်နေရအောင် ငါဘာအပြစ်မှ မလုပ်ထားဘူး!!"

"ဟုတ်တာပေါ့..ဘာအပြစ်မှမလုပ်ထားဘူး..ဒါပေမယ့် ဘယ်လိုလုပ်မလဲ.ကျုပ်မျက်လုံးထဲမှာတော့ ခင်ဗျားက ချစ်ရေးဆိုထားလို့ ရှက်ရမ်းရမ်းနေတဲ့ ယုန်ပေါက်လေးလိုပဲ..သိပ် ကို ချစ်စရာကောင်းတယ်"

ချစ်စရာကောင်းတယ် ဆိုတဲ့ စကားကို တစ်လုံးချင်း သူ့နားသံသီးလေးအနား ကပ်ကာ ပြောသွားတဲ့ မှော်စက္ခကြောင့် နှလုံးခုန်သံက ဒိန်းခနဲ။

"ဖယ် ..​ငါ့ရှေ့ကနေ!..ငါ အခုဆေးခန်းပိတ်တော့မှာ..မင်းလည်းပြန်တော့"

စေလိုရာစေ(Completed)Where stories live. Discover now