Ep (38)

5K 298 20
                                    

စေလိုရာစေ...

(Unicode)

လူယုတ်မာ!!မင်းဘာလုပ်တာလဲ!!"

ချိုမြိန်အိစက်တဲ့ နူတ်ခမ်းလေးရဲ့ အထိတွေ့ကို ခံစားမိနေတုန်း အားပြင်းပြင်းနဲ့ ဆောင့်တွန်းလာသူကြောင့် ဒူးထောက်ထိုင်နေရာကနေ အနောက်ကို ပစ်လဲလို့သွားသည်။

"မဟုတ်..မောင်ရှင်းပြ...."

"ဘာကို ရှင်းပြဦးမှာလဲ..မင်းကလေ နည်းနည်းလေး အရောဝင်တာနဲ့ အသားယူဖို့ ဘယ်အချိန်လစ်မလဲ အချိန်ပြည့်ချောင်းနေတဲ့ အခွင့်ရေးသမား!!
သွား!!ငါ့အခန်းထဲကနေ အခုချက်ချင်း ထွက်သွား! မင်းမျက်နှာမမြင်ချင်ဘူး!!"

ပြောလည်းပြော ဒေါသစိတ်နဲ့ တအိအိငိုချမိသည်။

"မငိုပါနဲ့..အသေးလေးရယ်..တိတ်ပါကွာ..မောင်မင်းအနားမကပ်နဲ့ဆို မလာတော့ပါဘူး..ဝေးဝေးကပဲ နေပေးပါ့မယ်..မောင့်ကို အသားယူတတ်တဲ့ အခွင့်ရေးသမားလို့တော့ မစွပ်စွဲလိုက်ပါနဲ့..မောင်မြတ်နိုးလွန်းလို့ ထိတွေ့ခဲ့ချင်ရုံလေးပါ..အသေးလေးရယ်..အဲ့ဒီအတွက် မောင်တောင်းပန်ပါတယ်"

အရင်လိုသာဆို ငိုနေသူလေးကို မရမကဖက်ပြီး ချော့မြူချင်ပေမယ့် အခုက မစွမ်းသာ။အမှောင်အတိကျနေတဲ့ အာရုံကို မျက်ကွယ်ပြုပြီး ဒူးထောက်တောင်းပန်မိသည်။

"ဟင့်...အင့်..မုန်း..တယ်..ဟင့်"

အသေးလေး ငိုရှိုက်သံတွေကို စက္ခ ဆက်လက်ပြီး နားထောင်နေဖို့ အင်အားမရှိတော့တာကြောင့်အခန်းထဲက ပြေးထွက်မိသည်။

ဓားထက်ထက်နဲ့ မဟုတ်ပဲ ချစ်ရသူရဲ့ မျက်ရည်စက်တွေကလည်း သူ့သွေး​ကြောတွေ တတိတိဖြတ်တောက်ခံရသလို သေစေနိုင်စွမ်းသည်။

ထိုနေ့ညက တံခါး​ခြေရင်းမှာမှီထိုင်ကာ အခန်းထဲက ငိုသံလေးတိတ်သွားသည်အထိ စောင့်နေရင်း အသိစိတ်လွတ်နေတဲ့သူတစ်ယောက်လို မျက်ရည်စီးကျနေတဲ့ ကောင်လေးရှိသလို တံခါးတဖက်တွင်လည်း သူ့လုပ်ရပ်ကြောင့် သနားစိတ် မုန်းတီးစိတ်တို့ကြား လွန်ဆွဲနေတဲ့ ကောင်ငယ်လေးလည်းရှိလေသည်။

-

-

-

"ဦးစံ..သားဒီမှာ"

စေလိုရာစေ(Completed)Where stories live. Discover now