Ep(31)

5.3K 281 8
                                    


စေလိုရာစေ..

(Unicode)

မရဏဂိုဏ်း၏ ဧည့်ခန်းဆောင်တွင်ဖြစ်သည်။အခန်း၏ အလယ်ဗဟိုတည့်တည့်က ဆိုဖာရှည်တွင် မရဏဂိုဏ်းခေါင်ဆောင် ဦးသိဂ်ါ ထိုင်နေပြီး သူ၏မျက်နှာချင်းဆိုင်တွင်တော့ ဂိုဏ်းတစ်ခုလုံး ဖိန့်ဖိန့်တုန်အောင်ကြောက်ရသည့် မှော်စက္ခ။ဘေးပတ်လည်တွင် ဂိုဏ်းသားများ တိတ်ဆိတ်စွာ ရပ်တည်လျက်ရှိပြီး ဆွေးနွေးပြီးလျှင် ထွက်ရှိလာမည့် အမိန့်ကို စောင့်ဆိုင်းလျက်ရှိသည်။

"စက္ခ..ဘာမဟုတ်တဲ့ အဲ့လိုကောင်လေးတစ်ယောက်အတွက်နဲ့ မင်းဘဝကိုစတေးတော့မလို့လား..သေချာပြန်စဥ်းစားပါဦး..အချစ်ဆိုတဲ့အရာက ပြန်အစားထိုးလို့ရတဲ့အရာ..ငါမင်းကိုမွေးစားခဲ့တာမှန်ပေမယ့် အခုချိန်ထိ ငါ့အတွက်သားအရင်းတစ်ယောက်လိုပဲ သံယောဇဥ်ရှိတာ မင်းသိမှာပါ..
ဖြစ်နိုင်ရင် ဒီဂိုဏ်းထဲက မထွက်ပါနဲ့လား.."

"ကျုပ်ဆုံးဖြတ်ပြီးသား ကိစ္စတစ်ခုကို တွေဝေနေတာ
ကျုပ်ပုံစံမဟုတ်ဘူး ဦးသိဂ်ါ..လူတွေက ဘဝတစ်ခုကို ပုံစံမျိုးစုံနဲ့သတ်မှတ်ချင်သတ်မှတ်လိမ့်မယ်....
ကျုပ်အတွက်ကတော့ အသေးလေးသာလျှင် နောက်စတင်မယ့် ဘဝတစ်ခုရဲ့ နိဒါန်းပဲ..သေသေရှင်ရှင် သူ့အနားမှာပဲ နိဂုံးချုပ်ချင်တာမျိုး"

မှော်စက္ခ၏ တိကျပြတ်သားမှုကို မရဏဂိုဏ်းတစ်ခုလုံးသိနေတော့ ဘယ်သူမှ ဝင်မတားရဲကြ။အခုပဲကြည့်လေ စက္ခရဲ့မွေးစားအဖေလည်းဖြစ် ဂိုဏ်းခေါင်းဆောင်လည်းဖြစ်တဲ့ ဦးသိဂ်ါကိုယ်တိုင် ဖျောင်းဖျနေတာတောင် ခေါင်းမာမာနဲ့ ငြင်းဆန်နေဆဲ။

"ကောင်းပြီလေ..မင်းဘက်က ဒီလောက်ထိ ပြတ်သားနေပြီးမှတော့ ငါတားနေလည်းအပိုပဲပေါ့..ငါလက်ခံတယ်..ဒါကြောင့်..ဒီနေ့ဒီအချိန်ကစပြီး မင်းကမရဏဂိုဏ်းနဲ့ လုံးဝမသက်ဆိုင်တဲ့သူ တစ်ယောက်ဖြစ်သွားပြီ..midnightကလပ်က အစကတည်းက မင်းအပိုင်မို့ ငါ့ကိုပြန်မပေးပါနဲ့.. မင်းကငါ့ သားလည်းမဟုတ်တော့သလို မရဏဂိုဏ်းသားလည်းမဟုတ်တော့တာကြောင့်..မင်းစိတ်ကြိုက် လ​ွတ်လွတ်လပ်လပ်သာနေပေတေါ့..တစ်ခုတော့ရှိတယ်.."

စေလိုရာစေ(Completed)Where stories live. Discover now