*Final

11.3K 367 13
                                    


စေလိုရာစေ..

(Unicode)

"ဟင်..မိုးစက်!!"

မိုးစက်မှ တကယ့်မိုးစက်ပါ ၊မောင်မဆုံးခင် မျိုးထက်သာနဲ့ ပြသနာတက်ပြှီးနောက်ပိုင်း ခြေရာဖျောက်သွားတဲ့ မောင့်ရဲ့လူယုံ။အခု မောင်မရှိတော့မှ လေညှင်းဆီ ထပ်ရောက်လာတာ ဘာကြောင့်များလဲ။

"အင့်..ပါပါး.."

လေညှင်းရဲ့အလန့်တကြား အော်လိုက်သံကြောင့် ရင်ခွင်ထဲ အိပ်မောကျနေတဲ့ သားသားက လန့်နိုးသွားပြီး အီနေတာ​ကြောင့် ကျောလေးကို သပ်ပေးလိုက်ပြီး ပြန်အိပ်စေလိုက်သည်။

"ပူတင်းလေးကို မိနွယ် သွားသိပ်ပေးမယ် ဆရာ..လာ..မမ ပူတင်းလေး.."

မိနွယ်လက်ထဲ ကလေးကို ပြောင်းပေးလိုက်ပြီး
ဦးစံထိုင်နေတဲ့ ဘေးမှာ ဝင်ထိုင်လိုက်သည်။

"စက္ခဆုံးသွားတာ ကြားပြီးရောပေါ့..ဒါဆို မင်းဒီကို ဘာလို့လာတာလဲ..ငါ့အထင် မင်းနဲ့ငါပက်သက်စရာ ဘာအကြောင်းမှမရှိတော့ဘူးလားလို့.."

မိုးစက်ကို လေညှင်းစိတ်ဆိုးသည် ၊ မျိုးထက်သာ
လေညှင်းကို ဓားစာခံလုပ်ပြီး ဖမ်းခေါ်သွားတဲ့နေ့က မိုးစက်သာ အရင်လို မောင့်အနားရှိနေရင် မောင်လည်း ဒီလိုအဖြစ်ဆိုးမျိုးနဲ့ ကြုံရမယ်
မထင်။

"အဲ့ဒီကိစ္စအတွက်နဲ့ ကျွန်တော် ဒီကိုလာခဲ့တာပါ..အကိုလေး..အခုကစပြီး ကျွန်တော်ရှင်းပြတာလေး စိတ်အေးအေးနဲ့ သေချာလေး နားထောင်ပေးပါလား.."

"အချိန်ကြာကြီး ပျောက်သွားပြီး အခုမှ ပြန်ရောက်လာတဲ့ အကြောင်းပြချက်ဆိုရင်တော့ ငါနားမထောင်ချင်ဘူး"

"သား..လေညှင်း..စိတ်ကိုလျော့ပါကွယ်..ဦးစံကိုယုံလိုက်..အခုမိုးစက် ပြောပြမယ့်အရာတွေက သားရဲ့အမျိုးသား မောင်စက္ခနဲ့ပက်သက်တဲ့ အကြောင်းရာတွေချည်းပါပဲ..ဒါကြောင့် မိုးစက်ကိုပြောခွင့်ပေးလိုက်ပါကွယ်..ဟုတ်ပြီလား"

သက်ပြင်းမောတစ်ချက်ချ၍ ဦးစံကို ခေါင်းအသာညိတ်ပြလိုက်သည်။

"ကျွန်တော် လိုရင်းတိုရှင်းပဲ ပြောပြပါ့မယ် အကိုလေး..တကယ်တော့ ဆရာက အခုချိန်ထိ အသက်ရှင်နေပါသေးတယ်.."

စေလိုရာစေ(Completed)Where stories live. Discover now