Ep(11)

6.3K 369 11
                                    


စေလိုရာစေ..

(Unicode)

"ဘာ!!.MK..ဟုတ်လား"

သူသိပ်သိတာပေါ့၊MKဆိုတာ သူတို့မရဏလောက် အင်အားမတောင့်ပေမယ့် အရာရာ လိုက်ယှဥ်ပြိုင်နေတဲ့ ဂိုဏ်းအသေးစား။သူတို့ရဲ့ ခေါင်းဆောင် ဦးမင်းခစိုင်းက ဦးသိဂ်ါရဲ့ ရန်သူတော်အကြီးစားကြီး။

ဒါပေမယ့် အဲ့လူကို သူမတွေ့ဖူးဘူး။သူ့မှာ သားတစ်ယောက်ရှိတယ်သာ သိထားပြီး မှောင်ခို အလုပ်ကို သူ့ငယ်သားတွေနဲ့ပဲ လွှတ်ထားပြီး  ဇာတ်မြုပ်နေကြတာ။

တခါ မရဏက သူတို့လက်ထဲက အချီကြီးမိတဲ့ တစ်ကွက်ကို လုယူလိုက်လို့ အဲ့ဒီကတည်းက မရဏကို အငြိုးထားနေတာ။အခုတော့ ခိုးကြောင်ခိုးဝှက် ပြန်ပေါ်လာပြီပဲ။ဟက် MKဂိုဏ်းတော့ အိပ်နေတဲ့ ခြသေ့်ကို လာနိူးလိုက်တာပဲ။

"ဟက်..ဦးမင်းခ..MKကို...အဆုံးရှုးံခံချင်နေပြီထင်တယ်.."

"ဆရာ..အဲ့ဒီအသုံးမကျတဲ့ ဂိုဏ်းကို အပြတ်ရှင်းလိုက်ရမလား..နောက်တခါ ကျွန်တော်တို့လမ်းမှာ
အမှိုက် လာမရှုပ်အောင်"

"နေဦး..လွှတ်ထားလိုက်..နောက်တခါ ပစ္စည်းထပ်ပို့..ထပ်ရှုပ်လာရင်တော့ မှော်စက္ခအကြောင်း ကောင်းကောင်းသိစေရမယ်လို့ MKကို သတိပေးလိုက်..သွားတော့"

မှော်စက္ခက သူ့လမ်းကြောင်း လာရှုပ်တဲ့သူမှန်သမျှ ပထမတစ်ခါ သတိပေးခံရမယ်။အဲ့လို့မှမဟုတ် နောက်တစ်ကြိမ် ထပ်ပက်သက်လာရင်တော့ ကျူပင်ခုတ် ကျူငုတ်မကျန်အောင် လက်အောက်ငယ်သားကအစ ဂိုဏ်းတစ်ခုလုံး အမြစ်ပြတ် ဇီဝိန်ခြွေပစ်တဲ့ လူမျိုး။

သတ်ပစ်ရင်လည်း အနုနည်းနဲ့ ညှင်းသတ်ရတာ ကြိုက်တယ်။ဒါကြောင့် မှော်စက္ခ လုပ်ကွက်ကို ဖြတ်ခုတ်ရဲတဲ့ သူကတော့ တော်တော်ကို သတ္တိရှိနေလို့ပဲ။

-
-
-

္"သား..အခုရက်ပိုင်း ကားယူသွားတာမတွေ့သလိုပဲ..ဒါမှမဟုတ်..မေမေပဲအထင်မှားနေတာလား"

လေညှင်း ဆေးရုံသွားဖို့ ပြင်ဆင်ပြီး အောက်ဆင်းလာတော့ မေမေက သူကားမယူသွားတဲ့အကြောင်းမေးလာသည်။

စေလိုရာစေ(Completed)Where stories live. Discover now