Ep(29)

5.2K 265 12
                                    

စေလိုရာစေ..

(Unicode)

လူးလွန့်လှုပ်ရှားမှုနှင့်အတူ အပျင်းကြောဆန့်
လိုက်ပြီးနောက် သူ့ဘေးက တစ်ခုတည်းသော အနွေးဓာတ်လေးရှိရာ မျက်စိမှိတ်လျက်သား
လိုက်ရှာနေမိသည်။

အရင်ဆို သူ့ရင်ခွင်ထဲ ကွက်တိဝင်နေမယ့် ခေါင်းလုံးလုံးလေး အခု ဘယ်များရောက်နေသလဲ။
ညက အကြောင်းကို အတွေးရောက်မိတော့ စက္ခ အပြစ်ပေးကြမ်း၍ ခှေးပေါကျလေး စိတ္ဆိုးနေတော့မှာတွေးမိပြီး ခပ်ရေးရေးပြုံးမိသွားသည်။

"ခလွမ်း!!"

သူ့အတွေးနဲ့သူ သာယာနေခိုက် ငြိမ်သက်နေသည့် အခန်းအတွင်း တစုံတခု ကျကွဲသံက အခန်းတွင်း ကျယ်လောင်စွာ ထွက်ပေါ်လို့လာသည်။

စက္ခ အိပ်ရာက ဝုန်းခနဲ ထထိုင်လိုက်ပြီး တစ္ခုခုဆို သတိအနေထား အမြဲတမ်း အကျင့်ဖြစ်နေတဲ့သူက စက်ကနျ့ပိုင်းအတွင်း ကုတင်အံဝှက်ထဲက ပစ္စတိုကို ဆွဲထုတ်ပြီးပြီ။

သို့သော်..

"အ..အသေးလေး!!အဲ့ဒါဘာလုပ္တာလဲ..ဟမ်!!ခဗ်ားဗ်ာ!!တောက်!!!"

အခန်းထောင့်နား ရိပ်ခနဲတွေ့လိုက်ရတဲ့ ပုံရိပ်လေးက စက္ခလိုလူကို ထိတ်လန့်သွားအောင်
ခြိမ်းခြောက်နိုင်စွမ်းသည်။

အခန်းထဲ အလှဆင်ထားသည့် ကြွေပန်းအိုးက ကြမ်းပြင်ပေါ် အစိတ်အမွှာမွှာ ကွဲကြေလျက်ရှိပြီး
ထိုအကွဲစတွေထဲက တစ္ခုက အသေးလေး
လက်ထဲမှာ။

အခန်းထောင့်နားလေးမှာ ဒူးလေး
တုပ်ပြီး ကျုံ့ကျုံ့လေး ထိုင်နေပြီး တုန်ရီစွာ ဆုပ်ကိုင်ထားသည့် ဖန်ကှဲစက သူမြတ်နိုးစွာ
နမ်းရှိုက်ခဲ့တဲ့ လည်တိုင်လေးတွင် တစ်စစ
စိုက်ဝင်လို့နေသည်။

"ပေးစမ်း..ခင်ဗျား!!"

လက်ထဲက အတင်းဆွဲလုလိုက်တော့ ကျစ်ကျစ်ပါအောင် ဆုပ်ထားသည့် လက်နုနုလေးဆီက
သွေးတွေက စက္ခရင်ကို အခါခါကွဲစေသည်။

ခင်ဗျားသတ်နေတာ ကျုပ်နှလုံးသားဆိုတာရော ခင်ဗျားသိရဲ့လား အသေးလေးရယ်။

"ဘာလို့လဲ..ဘာကြောင့် ဒီလောက်တောင် ကိုယ့်အသားကိုအနာခံရတာလဲ...ဟမ်!!ခင်ဗျားပြောစမ်းပါ..!!"

စေလိုရာစေ(Completed)Where stories live. Discover now