Ep(7)

7.1K 411 1
                                    


စေလိုရာစေ..

( Unicode)

"ဂရုဏာ ဆေးခန်းက..ဒေါက်တာ လေညှင်းသွဲ့"

"ဗျာ!!"

ဒီတစ်ခါတော့ မိုးစက်တစ်ယောက်ထဲ ဆီမှမဟုတ် လေးယောက်လုံး ပြိုင်တူ အာမေဋိတ်သံ ထွက်လာခြင်း။

"တကယ်..တကယ်လား..ဆရာ..အဲ့ကောင်လေးကို.."

ဆရာပုံစံကြည့်ရတာ နောက်နေပုံလည်းမပေါ် ။မဒီတွေကို ခါချလာတဲ့ ဆရာ တကယ်ကို ဟိုစွာတေးလေးဆီမှာ ကျရှုံးသွားတာလား။

ပြီးတော့ ဆရာ့မျက်နှာပြင်ပေါ်က နူးညံသိမ်မွေ့တဲ့ အရိပ်ယောင်တွေ။အချစ်က အဲ့လောက်တောင်ပဲ လူတစ်ယောက်ကို ပြောင်းလဲစေနိုင်သလား?

"မနက်ဖြန်ကစပြီး..ငါ့မစ်ရှင်အသစ်က အသေးလေးရဲ့ နှလုံးသားကို အပိုင်သိမ်းဖို့!!"

သူတို့အတွက် ဒီနေ့ကတော့ ဆရာ စပရိုက်အကြီးစား တိုက်တဲ့နေ့ပါပဲ။
လွန်ခဲ့တဲ့ မိနစ်ပိုင်း လောက်က သူတို့ထင်ခဲ့တာက ကောက်ကြောင်းလှလှနဲ့ မိန်းမချောလေးတစ်ယောက်။

သို့သော် အခုတော့ အထင်နဲ့အမြင် တက်တက်စင်အောင် လွဲနေခဲ့တယ်။မျိုးတူ ယောက်ျားလေး တစ်ယောက်တဲ့။သူတို့နားတောင် သူတို့မယုံနိုင်ဘူး။

လူတစ်ယောက်ကို ချစ်မိဖို့ က တွေ့ဆုံချိန်ရဲ့ သုံးစက္ကန့်လောက်သာ လိုတယ်။စက္ခအတွက်ကရော၊ အင်း တစ်စက္ကန့်နဲ့တင် လုံလောက်တယ်။

အချစ် ၊သူ့ ဘဝမှာ မလိုချင်ခဲ့ဆုံးအရာ။
ချစ်မိရင် အရှုံးကို အပိုဆုအဖြစ် လက်ခံရမယ်။
အချစ်က လူသားတိုင်းရဲ့ မဟာအားနည်းချက်။
ဒုစရိုက် လောကမှာ မှော်စက္ခကို အခွင့်ကြုံရင်ကြုံသလို
ရှင်းချင်သူက ဒုနဲ့ဒေး။ဒါကြောင့် တစ်ဖက်လူက သူ့အားနည်းချက် ရှာတွေ့သွားမှာ နည်းနည်းလေးမှ မလိုလား။

သို့သော် အသေးလေးကိုတော့ သူပိုင်ဆိုင်ရမှ ဖြစ်မယ်။သူ ကလေးဘဝကတည်းက တောင့်တခဲ့တဲ့ မေတ္တာတရား။ကြင်နာယုယမှု။ဒါတွေအားလုံး အသေးလေး ပိုင်ဆိုင်ထားတယ်။ ​ဆုံတွေ့ချိန် နှစ်ခါမြောက် မှာ ပိုလို့တောင် သေချာခဲ့တယ်။အသေးလေးသာလျှင် အထီးကျန်ဆန်နေတဲ့ သူ့ဘဝကို အလင်းပြပေးမယ့် ဓူဝံကြယ်။

စေလိုရာစေ(Completed)Where stories live. Discover now