Ep(33)

5.3K 277 0
                                    


စေလိုရာစေ..

(Unicode)

"မိနွယ်..ညီမ"

လေညှင်းရဲ့ နဂိုအိမ်လေးကို ပြန်ရောက်ရောက်ချင်း ဒေါ်ကြီးလုံးနဲ့ကိုထွန်းအေးကို ပြန်မဆက်သွယ်ရသေး။ထို့ကြောင့် အခုလတ်တလောတော့ အိမ်မှုကိစ္စအဝဝကို မိနွယ်ကိုပဲ တာဝန်လွှဲထားရသည်။

"ဆရာ အခန်းကိစ္စပြောမလို့..မိနွယ်က အောက်ထပ်က ဧည့်သည်ခန်းမှာနေလို့ရတယ်မလား"

"ရတာပေါ့..ဆရာရဲ့..မိနွယ်က ဘယ်မှာနေနေ အဆင်ပြေတယ်.."

"ဟုတ်ပြီ..ပြီးတော့ လှေကားအတက်ဆင်းနားက
ဆရာ့အမေအခန်း..အဲ့ခန်းမှာ မှော်စက္ခကို နေရာပေးလိုက်..သူ့အသုံးဆောင် ပစ္စည်းမှန်သမျှ..အရင် သူနေခဲ့တဲ့ အခန်းမှာလိုမျိုး နေရာချပေးထါးလိုက်နော်..မိနွယ်"

"ဟို..ဆရာစိတ်မဆိုးဘူးဆို..မိနွယ် တစ်ခုလောက်မေးလို့ရမလား"

လက်ညိုးတစ်ချောင်းထောင်၍ မေးလာတဲ့ မိနွယ်။သိချင်တာရှိရင် လက်ငင်းမေးလိုက်ရမှ နေသာထိုင်သာရှိတတ်တာ မိနွယ်ရဲ့အကျင့်တစ်ခုပင်။

"အင်း..မေးလေ..ရတယ်..မိနွယ် သိချင်တာရှိ..အကုန်မေး..ဘာမှစကားပလ္လင်ခံမနေနဲ့"

"ဟိုလေ..ကိုလေးစက္ခနဲ့..ဆရာက လင်မယား..အဲ
ဟုတ်ဘူး..အိမ်ထောင်ဖက်တွေဆိုတော​့..အခုလို အခန်းခွဲအိပ်တာ..နည်းနည်းရက်စက်ရာကျသလိုပဲ..ဟို ဆရာ့ကိုမိနွယ် အပြစ်တင်နေတာတော့မဟုတ်ပါဘူး..ဘေးလူတစ်ယောက်အနေနဲ့ မိနွယ်ရဲ့ အမြင်လေးကို ပြောပြတာ..ပြီးတော့ ကိုလေးစက္ခက မျက်စိမမြင်တော့ဘူးဆိုတော့..မိနွယ် နည်းနည်းသနားမိလို့"

"အင်း..ဒါက ဘယ်လိုပြောရမလဲ မိနွယ်ရဲ့..သူတစ်ချိန်က ပြုလုပ်ခဲ့တဲ့ မကောင်းမှုတွေက အခုချိန်မှာ သူပြန်ခံစားရတာမျိုးပေါ့..ဒီလိုပဲ..ဆရာ့အမေကို သူသွယ်ဝိုက်သောနည်းနဲ့ အသက်ဆုံးပါးစေခဲ့တယ်..ပြီးတော့ သူ့ကိုမုန်းနေတဲ့
ဆရာ့ကိုအတင်းကြပ် လပ်ထပ်ခဲ့တဲ့ အတွက်ကြောင့် သူပြန်ဝဋ်လည်တာ..အဲ့ဒီသဘောမျိုးပဲ..အဲ့ဒီတော့ ဆရာသူ့ကို သနားကြင်နာနေစရာအကြောင်းတစ်ခုမှမရှိဘူး...အခုလိုမျိုး
ဆရာ့ဘေးမှာ ထားတာနဲ့တင် လုံလောက်နေပြီလိုဆရာထင်တယ်"

စေလိုရာစေ(Completed)Where stories live. Discover now