Ep(49)

5.6K 270 8
                                    

စေလိုရာစေ...

(Unicode)

အချိန်နှစ်နာရီခန့်ကုန်လွန်သွားပြီးနောက်
အော်ပရေးရှင်း အခန်းထဲက တွန်းထုတ်လာသော ကုတင်ပေါ်တွင် ခွဲစိတ်ထားသော မျက်စိနှစ်ဖက်ကိုပတ်တီးဖြူဖြင့် စည်းနှောင်ခံထားရပြီး ငြိမ်သက်စွာ လဲလျောင်းနေတဲ့ မောင့်ကိုမြင်မှ စိတ်အေးရတော့သည်။

"ခွဲစိတ်မှုအပြည့်အဝ အောင်မြင်ပါတယ်..လူနာက အစားထိုးလိုက်တဲ့ မျက်ကြည်လွှာကို ကောင်းကောင်းလက်ခံနိုင်ရင်..အချိန်ခဏလေးအတွင်း အမြင်အာရုံပြန်ကောင်းနိုင်တာမို့ သိပ်စိတ်ပူစရာတော့မရှိပါဘူး.."

မေ့ဆေးအရှိန်မပြယ်သေးတဲ့ မောင်က အခုထိနိုးမလာသေး။နိုးလာရင် လေညှင်းကိုလိုက်ရှာနေမှာသိတာ​ကြောင့် အသိဆရာဝန်တစ်ယောက်ကိုပဲ သူနဲ့dutyချိန်းလိုက်ရသည်။

"သားငယ်လေး..ကြီးလုံးတို့ စားစရာတွေလာပို့တာ..ဝင်လာပြီနော်"

မိနွယ်နဲ့ ကြီးလုံးက လက်ထဲမှာ ချိုင့်ကိုယ်စီ ကိုင်ထားကြပြီး အသီးနှံ မုန့်တွေလည်း စုံလင်အောင် ယူချလာသည်။

"မောင်စက္ခ မျက်ကြည်လွှာ အစားထိုးတာ ဘယ်လိုနေလဲ..သား"

"ဟုတ်ကဲ့..ဆရာဝန်ကတော့ အချိန် တစ်နှစ်လောက်နေရင်  အရင်တိုင်း အပြည့်ဝ ပြန်ကောင်းမယ်လို့ ပြောတယ်ကြီးလုံး...လေညှင်းယုံတယ် မောင်က စိတ်ဓာတ်မာကြောတဲ့သူဆိုတော့ ခဏတာအတွင်း ရလဒ်ကောင်းကို ပိုင်ဆိုင်နိုင်မှာပါ နော်..ကြီးလုံး"

"ဒါပေါ​့..သားရဲ့..အရမ်းလည်းစိတ်ပူမနေပါနဲ့...အချိန်တန်ရင် အားလုံးအဆင်ပြေသွားလိမ့်မယ်..ကိုယ့်ကိုကိုယ်လည်း ဂရုစိုက်..အခု
မောင်စက္ခက အရင်လိုပြန်မကောင်းခင်အချိန်ထိ သားပဲ စောင့်ရှောက်ရမှာဆိုတော့ သားငယ်က နေကောင်းနေမှရမှာ.."

"ဟုတ်..ကြီးလုံး"

"ဆရာ..မိနွယ် အသီးရွက်စုံနဲ့ထမင်းလေး​ကြော်လာတယ်...စားတော့မလား ဆရာ..မိနွယ်ပြင်ပေးမယ်လေ"

"ရတယ်..မိနွယ်..ဆရာမဆာသေးလို့..စက္ခ ပြန်သတိရမှပဲ စားတော့မယ်.."

ပြောရင်း ကိုလေးစက္ခ၏ လက်တစ်ဖက်ကို ဆုပ်ကိုင်ရင်း မျက်စိအောက်ကပျောက်သွားမှာစိုးသည့်အလား တိတ်တဆိတ် ငြိမ်သက်နေရှာတဲ့ ဆရာ။

စေလိုရာစေ(Completed)Where stories live. Discover now