Ep(47)

5.9K 281 13
                                    

စေလိုရာစေ

(Unicode)

"မင်း သေနေ့ စေ့ပြီ မျိုး ထက် သာ!!!!"

ဓာတ်လှေကားအတွင်းသို့ တရှိန်ထိုး ပြေးဝင်လာခြင်းနဲ့အတူ မျိုးထက်သာ၏ ခန္ဓာကိုယ်သည်လည်း ဓာတ်လှေကားနံရံထက် မြောက်တက်လို့သွားလေသည်။

ကျစ်လစ်သန်မာသည့် လက်နှစ်ဖက်က မျိုးထက်သာ၏ လည်ပင်းတွင် ကြားလေဝင်မရလောက်အောင် တစ်စထက်တစ်စ ပိုတိုးလို့ ​ဆုပ်ကိုင်ဖျစ်ညစ်လို့ထားတာကြောင့် မျိုးထက်သာမျက်နှာတစ်ခုလုံး နီရဲတက်လာပြီး အသက်ရှုဖို့ အနိုင်နိုင်ကြိုးစားနေရသည်။

"အ!!အစ်..အစ်!"

စက္ကန့်မှ မိနစ်ကူးလာတဲ့အခါ လေညှင်းတစ်ယောက် ပြန်အသိဝင်လာပြီး မောင့်ကိုတားဖို့ပြင်ရသည်။

"မောင်..ရပြီ..တော်ပါတော့. နော်..လေညှင်းပြောတာ နားထောင်နော်...မောင်!!"

လေညှင်း မောင့်လက်မောင်းကို ကိုင်လှုပ်ပြီး ပြောနေပေမယ့် မောင်ကကြားဟန်မတူ။
မေးရိုးများထောင်ထသည်အထိ အံကိုခပ်တင်းတင်းကြိတ်ထားပြီး အသက်ရှူနူန်းတွေ အရမ်းမြန်နေသည်က လူသတ်ချင်တဲ့အငွေ့သက်တွေ ဖုံးလွှမ်းနေကြောင်း သက်သေ။

"မောင်ရေ..လေညှင်းကို ချစ်ရင် တော်ပါတော့နော်!..အဲ့လူသေသွားတာထက် မောင်ထောင်ကျလို့မဖြစ်ဘူးလေ အဲ့ကျရင် လေညှင်းရင်ကျိုးရမှာ မောင်ရဲ့!..အင့်..ဟီး!!"

လေညှင်းသွဲ့ ငိုသံကြားလိုက်တာနဲ့ လက်ကတင်းအားကို လျော့ချလိုက်ပြီးနောက် ဓာတ်လှေကား ကြမ်းပြင်ပေါ် ပုံကနဲခွေကျသွားတဲ့ မျိုးထက်သာ။

စက္ခကို မျက်ရည်လည်ရွဲနဲ့ ကြည့်ပြီး တောင်းပန်နေသူလေးကို ရင်ခွင်ကျယ်ထဲ ပစ်သွင်း၍ သေးသွယ်သွယ် ခန္ဓာကိုယ်လေးအား လွတ်ထွက်သွားမှာစိုးသည့်အလား တင်းကျပ်စွာ ဖက်ထားလိုက်သည်။ရင်ခွင်ထဲက ဒေါက်တာလေးကတော့
တသိမ့်သိမ့်ငိုကြွေး၍ စက္ခရဲ့ခါးကို တင်းကျပ်စွာ ပြန်လည် ဖက်လို့ထားသည်။

"အင့်..ဟင့်...မောင်သိလား လေညှင်း..
အင့်..အရမ်းကြောက်နေခဲ့တာ..ဟင့်...ပြီးတော့..မောင့်တစ်​ယောက်တည်းပိုင်တဲ့ လေညှင်းခန္ဓာကိုယ်ကို..အဲ့လူ ပွတ်သပ်နေခဲ့တာ..အဟင့် အရမ်းရွံတာပဲ...အင့်"

စေလိုရာစေ(Completed)Where stories live. Discover now