Ep(15)

6.1K 332 8
                                    


စေလိုရာစေ..

(Unicode)

မှော်စက္ခနဲ့ စကားများပြီးတဲ့ နေ့ကတည်းက လေညှင်းဆီ လာမတွေ့တော့တာ တစ်လကျော်လောက် ကြာသွားသည်။အစကတော့ တစ်ရက်နှစ်ရက်နေရင် ပြန်ပေါ်လာမယ်လို့ ထင်ခဲ့ပေမယ့် တစ်ပတ်ထက် နှစ်ပတ်သာ ကုန်သွားတယ်။

အရင်လို သူရှိနေတဲ့ နေရာတိုင်းမှာ အမြဲတစေ တွေ့နေရတဲ့ သူ့ရဲ့ ဇိမ်ခံကား အနက်ရောင်မပြောနဲ့ မှော်စက္ခ အရိပ်လေး​တောင် မတွေ့ရလောက်အောင် ပျောက်ခြင်းမလှ ပျောက်ကွယ်သွားတာ ထူးဆန်းလွန်းလှသည်။

ကြာတော့လည်း သူ့ကို ငြီးငွေ့သွားသည် ထင်သည်။ဒါလည်း ကောင်းပါသည်။အခုဆို လေညှင်းလည်း ကိုမျိုးနဲ့ ပြန်တွဲဖို့ ဆုံးဖြတ်ထားတာကြောင့် လူဆိုးကောင် သူ့အနားမပေါ်လာလေ ကိုမျိုးအတွက် အန္တရာယ်ကင်းလေပင်။

"Ring..Ring"

"ဟယ်လို..ကိုမျိုး"

"ကလေး..ဆေးခန်းပိတ်ခါနီးပြီလား.."

လေညှင်း နာရီတစ်ချက် ကြည့်ပြီးသည်နှင့်..

"အင်း..နောက်ဆယ်မိနစ်လောက်နေရင် ပိတ်မယ်..ကိုမျိုး..ဘာဖြစ်လို့လဲ"

"ကိုယ်..အခု ဆေးခန်းလာတဲ့ လမ်းမှာ..ကားနည်းနည်းပိတ်နေလို့..တကယ်လို့ ကိုယ်မရောက်သေးရင် ကလေး ဆေးခန်းရှေ့က စောင့်နေနော်..ကိုယ်အဲ့ဒီကို လာခေါ်မယ်.."

"ရတယ်..ကိုမျိုး..လေညှင်း စောင့်နေမယ်..ကားကိုဂရုစိုက်မောင်းဦး"

နာရီဝက်လောက် ကြာတော့ ကိုမျိုးရဲ့ ကားအဖြူလေး ဆေးခန်းရှေ့ရောက်လာသည်။

"ကလေး..စောင့်နေတာ ကြာသွားပြီလား"

"မကြာသေးဘူး...ကိုမျိုး...လေညှင်း အခုမှ ဆေးခန်းပိတ်ပြီးတာ"

"​ေဩာ်..ဟုတ်ပါပြီ..လာ..တက် ကလေး"

အိမ်ပြန်လမ်းတလျောက် ပျင်းနေတာနဲ့ FMလေးဖွင့်ပြီး ကားပြတင်းပေါက် ဖွင့်ကာ ညလေအေးလေးကို တဝကြီး ရူရှိုက်လိုက်သည်။အဲကွန်းလေမဟုတ်တဲ့ ဒီလို သဘာဝလေလေးက တနေ့တာ ပင်ပန်းသမျှကို ပြေပျောက်စေသည်။

စေလိုရာစေ(Completed)Where stories live. Discover now