Ep(16)

5.9K 316 8
                                    


စေလိုရာစေ..

(Unicode)

"Ring..Ring"

မေမေ့ရဲ့ မေးခွန်းထုတ်တဲ့ အကြည့်တွေအောက် တစ်ကိုယ်လုံး ကျုံ့ဝင်သွားမတတ် ဖြစ်နေတုန်း ဖုန်းသံက အလိုက် မသိစွာ တဒီဒီ ထမြည်လာသည်။ရှေ့စားပွဲမှာ တင်ထားတာကြောင့် contact nameက အသည်းအီမိုဂျီလေးနဲ့ phone screenမှာ ထင်ရှားလို့နေသည်။

လက်လှမ်းပြီး silentလုပ်လိုက်သော်ငြား ထပ်ခါထပ်ခါ ခေါ်နေသော ဖုန်းကြောင့်..

"ကိုင်လိုက်လေ..သားစီနီယာမလား.."

"ဟုတ်ကဲ့"

"ဟယ်လို"

"အာ..ကလေးရယ်..ဖုန်းမကိုင်လို့ ကိုယ့်မှာ ဖြင့် စိတ်ကိုပူသွားတာပဲ..အခုချက်ချင်း ကလေးအိမ်ဘက် ထွက်လာဖို့တောင် လုပ်နေတာ..ကလေး နေရောကောင်းရဲ့လား"

"အင်း..ကောင်းပါတယ်"

"ကလေး..ကလေးအသံက တစ်မျိုးပဲ..တစ်ခုခု ဖြစ်နေတာလား..ဟင်..ကိုယ့်ကိုပြောပါဦး"

"ကောင်းတယ်..အစ်ကို..လေညှင်း အခု ရေချိုးတော့မလို့..ဒါပဲနော်..ပြီးမှ ဖုန်းပြန်ခေါ်လိုက်မယ်"

"အိုကေ..ကလေး..ချစ်တယ်နော်"

"တီ"

ဖုန်းချပြီး စားပွဲပေါ်မှာ ပြန်တင်လိုက်ကာ လက်နှစ်ဖက်ကို ယှက်ပြီး ခေါင်းငုံ့ထားမိသည်။

"ကဲ..သား..အမေ ရှည်ရှည်ဝေးဝေး မပြောတော့ဘူး..အခု ကိစ္စကို သားဘယ်လို ဖြေရှင်းချက်ပေးချင်လဲ"

"ဟုတ်..တကယ်တော့ သားမေမေ့ကို ဝန်ခံဖို့ ဆုံးဖြတ်ပြီးသားပါ..သားက..သားက တကယ်တော့ လိင်တူစိတ်ဝင်စားတဲ့ ဂေးတစ်ယောက်ပါ မေမေ..
ပြီးတော့ သားရဲ့ စီနီယာက သားရဲ့အချစ်ဦးပါ..အကြောင်းတစ်ခုနဲ့ လမ်းခဲွဲဖြစ်ပြီး..အခု ပြန်တွဲဖြစ်သွားတာပါ..သား သားတို့ လပ်ထပ်ဖို့လည်း ရည်ရွယ်ထား.."

"တော်ပြီ..သား..မင်း ဆက် မပြောနဲ့တော့"

"အမေလေ..သားရဲ့ ဖြစ်တည်မှုကိုရော..လိင်တူစိတ်ဝင်စားတဲ့အချက်ကိုရော..အဲ့ဒါတွေ အကုန်လုံးကို အမေ နားလည်ပေးနိုင်တယ် ..ဒါပေမယ့်..သား...သားရဲ့ဘဝ လက်တွဲဖော်က.. ယောက်ျားတစ်ယောက် ဆိုတာတော့..အမေ ဘယ်နည်းနဲ့မှ လက်မခံနိုင်ဘူး..

စေလိုရာစေ(Completed)Where stories live. Discover now