Ep(26)

5.6K 283 4
                                    


စေလိုရာစေ...

(Unicode)

မှော်စက္ခ အသေးလေးကို ဆေးရုံကနေပြန်ခေါ်လာပြီး အသေးလေးနိုးရင် ကျွေးဖို့ ကြက်သားဆန်ပြုတ်ကလေးကို မိနွယ်အကူညီနဲ့ သူကိုယ်တိုင် အစဆုံး ဝင်ချက်ပြီးနောက် အခန်းထဲပြန်ဝင်လာတော့ အသေးလေးက အခုထိ မနိုးသေး။

ငိုထားလို့ နီရဲနေတဲ့ နှာသီးလေးနဲ့ မျက်ခွံမို့မို့လေး ဖြစ်နေတာတောင် သူ့အသေးလေးက ချစ်စရာကောင်းနေဆဲ။ကြက်သွန်မြိတ်လေး ဖြူးထားတဲ့ ဆန်ပြုတ်ပန်းကန်လေးကို ဘေးခုံလေးပေါ် အသာတင်ပြီး အိပ်မောကျနေသူလေးကို ရှုစားဖို့ ကုတင်ဘေး တခြမ်းစောင်းဝင်ထိုင်လိုက်သည်။

နို့နှစ်ရောင် ပါးဖောင်းလေးကို လက်ညိုးလေးနဲ့ အသာယာထိတွေ့တော့ အိခနဲဝင်သွားတဲ့ နူးညံတဲ့အထိတွေ့လေး။မွေးကင်းစကလေးလေးတစ်ယောက်လို အပြစ်ကင်းစွာ အိပ်မောကျနေတဲ့ ကျုပ်ရဲ့ကလေးလေး။

ကျုပ်ကို မုန်းပါ ဆူပါ ရိုက်ပါ ဒါပေမယ့် ကျုပ်အနားကနေတော့ ကျေးဇူးပြုပြီး ထွက်မသွားပါနဲ့။ဘဝမှာ ဦးဆုံးနဲ့နောက်ဆုံး တပ်မက်ခြင်းလေးမို့ ခင်ဗျားလေးကို အဆုံးရှုံးမခံနိုင်လို့ အရုပ်လေးတစ်ရုပ်လို လောဘကြီးစွာ သိမ်းထားပါရစေ။

"အင့်..မေမေ"

အမေကိုယောင်ယမ်းပြီး အိပ်မက်ထဲမှာတောင် ရှိုက်ငိုနေတဲ့ အသေးလေးကို မကြည့်ရက်စွာ လေပေါ်​မြောက်နေတဲ့ လက်ကလေးနှစ်ဖက်ကို ထွေးပွေ့ဆုပ်ယူထားမိသည်။

စက္ခ စောင်လေးကို အပေါ်ကို ဆွဲတင်ပြီး သေချာခြုံပေးလိုက်ပြီးနောက် ကလေးလေး သိပ်သလို လက်လေးနဲ့ အသာပုတ်သိပ်ပေးတော့ ယောင်နေတဲ့ အသေးလေးက တဖန်ငြိမ်ကျသွားပြီး အိပ်မက်ကမ္ဘာ ပြန်ရောက်သွားသည်။

"ကျုပ် စိတ်ရင်းနဲ့တောင်းပန်ပါတယ်..အသေးလေး..ခင်ဗျားအမေကို ဒီလိုဖြစ်သွားစေဖို့ ကျုပ်ရည်ရွယ်ခဲ့တာမဟုတ်ပါဘူး..ဒါတွေအားလုံးကို အသေးလေးကို ပိုင်ဆိုင်ချင်လို့ စီစဥ်ခဲ့တာပါ..ခင်ဗျား ကျုပ်ကို အခုချိန်မှာ ကြိုက်သလောက် မုန်းပါ..ကျုပ်အသေးလေးကို နှစ်ဆပိုတိုးပြီး ချစ်ပေးမယ်..ခင်ဗျားလေးအလိုကျ ပေးဆပ်ပါ့မယ်..ချစ်တယ်..အသေးလေး..မြတ်နိုးတာထက်ပိုတယ်..ခင်ဗျားလေးကို"

စေလိုရာစေ(Completed)Where stories live. Discover now