Ep(54)

5.3K 269 5
                                    


စေလိုရာစေ...

(Unicode)

အငှားကိုယ်ဝန်ဆောင်က မနေ့ကပဲ ဆေးရုံတက်လိုက်ရ၍ ဦးစံနဲ့လေညှင်း ကလေးကို ခေါ်ဖို့ ဘန်ကောက်ကို ရောက်လာခဲ့သည်။

"အဲ့..အဲ့"

လက်ထဲက အကောင်ပေါက်လေးကို ကြည့်ပြီး မျက်ရည်တွေ ဝဲတက်လာရသည်။

မောင့်ရဲ့ကိုယ်ပွားလေးတော့ လေညှင်းဘဝထဲ ဝင်လာပြီ ၊ မောင်ရော အခု ဘယ်ဆီရောက်နေပြီလဲ။လူတွေရဲ့အတွေးထဲမှာ မောင့်ကို သေဆုံးသွားပြီလို့ မှတ်လိုက်ကြပေမယ့် လေညှင်းရဲ့နှလုံးသားထဲမှာတော့ မောင်က အမြဲရှင်သန်နေဆဲပါ မောင်ရယ်။

ရာသီတွေ ဘယ်လောက်ပြောင်းပါစေ
အချိန်တွေ ဘယ်လောက်ကုန်ဆုံးသွားပါစေ မောင်ကလွဲလို့ အခြားဘယ်သူ့ကိုမှ လေညှင်းနှလုံးသားက လက်ခံလို့မရဘူး။

"ပူတင်းလေးက..ငါ့တူလေးနဲ့ တူတယ်သိလား..သား..လေညှင်းငယ်ငယ်တုန်းက အရမ်းအေးတာ..တော်ရုံတန်ရုံ သိပ်မငိုတတ်ဘူး"

"...."

"မောင်စက္ခကို သတိရသွားတာလား.."

မျက်ရည်ကို တစ်ဖက်လှည့်သုတ်နေတဲ့ တူဖြစ်သူကို ဦးစံ အရမ်းသနားသည်၊ဖအေနဲ့ မအေဖြစ်သူက ဆုံးပါးသွားခဲ့လို့ မောင်စက္ခနဲ့ဆို စိတ်ချရတုန်းရှိသေး အခုလိုမျိုး ရုတ်တရတ်ကြီး ဆုံးသွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။

"ဘာမှအားငယ်မနေပါနဲ့..သားရယ်..သားဘေးမှာ ဦးစံလည်းရှိတာပဲ..ပြီးတော့ အခုပူတင်းလေးရှိလာပြီဆိုတော့..မောင်စက္ခကို သတိရလို့ စိတ်တွေလျော့ချချင်တဲ့အခါတိုင်း..ပူတင်းလေးကို စောင့်ရှောက်ရမယ်ဆိုတဲ့ အတွေးတစ်ခုတည်းကို ခေါင်းထဲထည့်ထားရမယ် ငါ့တူ..ဦးစံပြောတာနားလည်လား"

"ဟုတ်..သားနားလည်ပါတယ်..ဦးစံ"

ကလေးအဖေဖြစ်သွားပြီ ဖြစ်တဲ့ ဒေါက်တာလေးက မျက်ရည်စက်လက်နဲ့ ရင်ခွင်ထဲ တွေးပိုက်ထားသည့် နီတာရဲလေးကို ချစ်စနိုးဖြင့် ပါးအိအိလေးကို နမ်းရှိုက်လိုက်သည်။ကလေးလေးက သဘောကျလို့ထင်ရဲ့ လေညှင်းရဲ့ လက်ညိုးလေးကို လက်ပိစိလေးတွေ လေပေါ်မှာ ဝှေ့ယမ်း၍ ဆုပ်ကိုင်လာသည်။

စေလိုရာစေ(Completed)Where stories live. Discover now