Ep(19)

5.7K 304 0
                                    


စေလိုရာစေ...

(Unicode)

"ကလေး..ကိုယ် ကလေးဆီလာလို့ရမလား..ကလေးခုန..လမ်းခွဲမယ် ပြောတာ တကယ်မဟုတ်ဘူးမလား..ဟုတ်ပါတယ်..ကလေး ကိုယ့်ကို စိတ်ဆိုးနေတာ..ကိုယ်ဘာအမှားလုပ်မိလို့လဲ
ကလေးရယ်..ပြောပါ..ကိုယ်ပြင်ပါ့မယ် ..နော်..ဒါပေမယ့်..လမ်းခွဲမယ့်အ​ကြောင်းတော့.."

"တီ"

ပြောနေရင်းနဲ့ ရှိုက်သံ တစ်ချက် ဆို့နင့်စွာ ထွက်ပေါ်လာတဲ့ ကိုမျိုး။ဒီထပ်ပိုပြီး နားမထောင်ရက်တော့တာကြောင့် ဖုန်းကိုချပြီး မျက်နှာ လက်နှစ်ဖက်နဲ့အုပ်မိုး၍ ကလေးတစ်ယောက်လို ငိုချမိသည်။

"အင့်..ဟင့်"

ဒီလိုအခြေနေထိ ရောက်လာအောင် ဘယ်နေရာကစမှားခဲ့လဲ လေညှင်းမသိဘူး။သေချာတာကတော့ မေမေ့နောက်တခါ စိတ်ဒဏ်ရာမရဖို့အရေး သူ့နှလုံးသားကို စတေးရတော့မယ်။

နောက်တနေ့မနက် ဆေးရုံသွားဖို့ အောက်ထပ်ဆင်းလာတော့ ဘုရားဝတ်ပြုပြီး ထွက်လာတဲ့ မေမေနဲ့တန်းတိုးသည်။

"သား..ဖြစ်နိုင်ရင် ဒီနေ့ခွင့်ယူလိုက်ပါလား..မေမေ သားဦးလေးကို ဖုန်းဆက်ပြောပေးမယ်..မနက်ဖြန် စေ့စပ်ပွဲအတွက် ပြင်ဆင်စရာရှိတာလေးတွေ လုပ်ရအောင်လို့"

"အင်း..မေ့မေ့ ကောင်းသလိုသာ လုပ်ပါ..အဲ့ဒါဆို သားအပေါ်ပြန်တက်တော့မယ်...ညက ညဥ့်နက်ထားလို့ ပြန်အိပ်ချင်လို့"

ခေါင်းကိုငံုံ ့ခါးကိုကိုင်းပြီး အပေါ်ထပ်ပြန်တက်သွားတဲ့သား။​ဒေါ်နည်းရည်သွဲ့ သက်ပြင်းချမိတာ ဒါနဲ့ဆို ဘယ်နှကြိမ်မှန်းသူမသိတော့။

သား သူ့ကိုမုန်းရင်မုန်းသွားပါစေ သားဘဝလေးလှဖို့အတွက်ဆိုရင် သူ ဗီလိန်ဇာတ်ဆောင်နေရာကနေ
ပါဝင်ကပြဖို့အဆင်သင့်မို့ ဒီအမေကို စိတ်နာရင်လည်း နာပါစေတော့။

နေ့လည်ရောက်တော့ ဦးစံက ဆေးရုံကနေ ရောက်ချလာသည်။လေညှင်း ခွင့်မယူစဖူးယူတာကြောင့်ရော စေ့စပ်ပွဲ ကိစ္စ မေမေ့ဆီက ကြားပြီးတာနဲ့ အိမ်ကိုရောက်လာ​ေလသည်။

"ဒါကတော့ မတရားဘူးလို့ ကျွန်တော်ထင်တယ် အစ်မ..တူလေးက သူက ဂေးတစ်ယောက်လို့ ဝန်ခံခဲ့တာပဲ..ဒါကို အစ်မက လက် မခံတဲ့အပြင်
အခု မိန်းမပါပေးစါးဦးမယ်ဆိုတော့ အစ်မ တစ်ကိုယ်ကောင်းဆန်လွန်းတယ်ဗျာ"

စေလိုရာစေ(Completed)Where stories live. Discover now