Ep(17)

5.8K 327 10
                                    


စေလိုရာစေ...

(Unicode)

နယ်စပ်တစ်နေရာ..

"ဆရာ..ဟိုဒေါက်တာလေးကိူ နောက်ယောင်ခံလိုက်ခိုင်းတဲ့ သူဆီက ဓာတ်ပုံတွေ ရောက်နေပါတယ်..ကျွန်တော် ဆရာ့အခန်းထဲမှာ ထည့်ထားခဲ့တယ်"

"ဟုတ်ပြီ..တာဝန်ကျေတယ်..သွားတော့"

မှော်စက္ခ ဒီဘက်ကို ရောက်နေတာ တစ်လခန့်ရှိသွားပြီ။လွန်ခဲ့တဲ့ လက ဒီဘက် စက်ရုံခွဲမှာ ပစ္စည်းအသစ် ထုတ်လုပ်ဖို့ ဦးက သူ့ကို တာဝန်ယူစေခဲ့တာကြောင့် ဒီနယ်စပ်ကို ရောက်နေခဲ့ခြင်း။

စက္ခ ဒီမှာ အလုပ်ရှုပ်နေပေမယ့် အသေးလေး နောက်ကို ထပ်ကြပ်မကွာ လိုက်စောင့်ရှောက်ဖို့ မိုးစက် လက်အောက်ခံ တပည့်တစ်ယောက်ကို လွှတ်ထားခဲ့သည်။အသေးလေးကတော့ သူမနှောင့်ယှက်တော့လို့ ပျော်နေမှာပဲ။

ဒါပေမယ့် ဒီကောင်ကတော့ အသေးလေးရဲ့ ကိုယ်သင်းနဲ့လေးကအစ သူ့ကိုဆို နူတ်သီးလေးတထော်ထော်နဲ့ ရန်တွေ့တတ်တဲ့ ဒေါသအိုးလေးရဲ့ အသည်းးစဖွယ် အပြုမူလေးတွေအဆုံး တနေ့မပြတ် လွမ်းနေမိတာ နေ့စ္စဓဝ အလုပ်တစ်ခုလို။ဆေးမမှီတော့တဲ့ ရောဂါတစ်ခုဆို ပိုမှန်မည်။ဒီရောဂါက လွမ်းနာကျ ရောဂါ။သူ့ရဲ့ မူပိုင်ဒေါက်တာလေး ကုသပေးမှ အမြစ်ပြတ် ပျောက်ကင်းမယ့် ရောဂါ။

ဖုန်းwallpaperလေးကနေ မျက်နှာလေးကို ငေးကြည့်ရုံနဲ့ အားမရနိုင်တဲ့ သူ့အဖြစ်ကို အသေးလေးဆစ်ယောက် သိလိမ့်မည်မဟုတ်။
ဖြစ်နိုင်ရင် သူသွားတဲ့ နေရာတိုင်းကို အသေးလေးကို ခေါ်သွားချင်တယ်။

ဒါကြောင့် အခု သူ့တာဝန်တွေ ပြီးဆုံးရင် အသေးလေးကို တရားဝင် လပ်ထပ်ခွင့်တောင်းဖို့ ဆုံးဖြတ်ထားသည်။အသေးလေး သူ့ကို လက်မခံပဲ ငြင်းခဲ့ပါစေဦး သူကတော့ အသေးလေးကို ပိုင်ဆိုင်ရမှ ဖြစ်မည်။ရအောင်လည်း ကြိုးစားမည်။

အနေဝေးတော့ အသေးလေးအပေါ်ထားတဲ့ သူ့အချစ်တွေ ပိုနက်ရှိုင်းကြောင်း သိလာရတယ်။သူ့ဘဝမှာ ဘယ်သူ့ကိုမှ ဒီလောက်ထိ စွဲစွဲလန်းလန်း မချစ်ခဲ့ဖူးသလို မျိုးတူ ယောက်ျားလေးတစ်ယောက်ကို ဒီလောက်ထိ ချစ်သွားလိမ့်မယ်လို့ သူမတွေးခဲ့ဖူးဘူး။

စေလိုရာစေ(Completed)Where stories live. Discover now