Ep(55)

5.8K 274 5
                                    


စေလိုရာစေ..

(Unicode)

"ပါပါး..တားတားတို့ ဘယ်တွားမရို့လဲဟင်"

သားသားကို ကားဘေးတံခါးဖွင့် ချီပြီးခေါ်လိုက်တော့ တိတ်ဆိတ် ငြိမ်သက်ခြင်း အတိ ခြုံလွမ်းနေတဲ့ ပတ်ဝန်းကျင်ကို သားသားက စိမ်းသက်နေဟန်တူသည်။လေညှင်းရဲ့ ပုခုံးပေါ် ခေါင်းလေးတင်ပြီး အုတ်ဂူဖြူဖြူတို့ စုဝေးရါနေရာကို မျက်လုံးပြူးပြူးလေးနဲ့ စူးစမ်းနေပြီး မေးလာသည်။

"သားသားရဲ့ ဒယ်ဒီ..ထာဝရအနားယူသွားတဲ့နေရာပေါ့..သားရယ်"

ပူတင်းလေးက လေညှင်း ဝမ်းနည်းနေတာကို ရိပ်မိသွားတယ်ထင်သည် ၊ နောက်ထပ်အမေးစကားတွေ ထပ်မပြောလာတော့ဘဲ လက်ပေါ်မှာ ငြိမ်ငြိမ်လေး လိုက်လာသည်။

သစ်ပင်ကြီးတွေ အုံ့ဆိုင်းနေပြီး ကွင်းပြင်မို့ လေတဖြူးဖြူးတိုက်နေကာ သစ်ရွက်ခြောက်တို့သည်လည်း အုတ်ဂူဟောင်းတွေအပေါ် နေရာယူလို့နေသည်။အမိုးလေးနဲ့ အုတ်ဂူအဖြူလေးအနားအရောက် ခြေလှမ်းတွေ ရပ်တန့်ပစ်လိုက်ပြီး တစ်ဖက်က ကိုင်ထားသည့် ပန်းစည်းကို အုတ်ဂူပေါ် ဖြည်းညှင်းစွာ တင်လိုက်သည်။

"လေညှင်း ရောက်လာပြန်ပြီ မောင်..ဒီနှစ်တော့ မောင့် သားသား ပူတင်းလေးကိုပါ ခေါ်လာခဲ့တယ် မောင်နဲ့တွေ့ပေးချင်လို့..ဒီမှာတွေ့လား မောင်..သားသားက မောင်နဲ့အမူအကျင့် ရုပ်ရည်ကအစ မောင်နဲ့တထေရာတည်းပဲ..ချစ်ဖို့ကောင်းတယ်မလား..သားသားနာမည်ကို
မြတ်ပဏ္ဍာမောင်လို့ပေးထါးတယ်..ဘယ်လိုလဲ နာမည်လေးလှတယ်မလား..

နောက်က နာမ်စားလေး မောင်ဆိုတာက.. နှစ်တွေဘယ်လောက်ပြောင်းပြောင်း မောင့်ကို လေညှင်းသတိရနေတဲ့ အမှတ်သားလေး ဖြစ်အောင် ထည့်ပေးထါးတာ.အဓိပ္ပါယ်အပြည့်စုံက မောင့်ဆီက ထိုက်တန်စွာ ရရှိလိုက်တဲ့ မွန်မြတ်တံဆုလက်ဆောင်လေးပေါ့ မောင်ရယ်..
.အင်း..တစ်ခါလောက်ပေါ့ ဖြစ်နိုင်ရင်လေ.. မောင်ရယ် သားသားရယ် လေညှင်းရယ် သုံးယောက်အတူတဲွဲပြီး..မိသားစုဓာတ်ပုံလေး ရိုက်ချင်မိတာ..ဒါပေမယ့် ဒီစိတ်ကူးက ဘယ်တော့မှ ဖြစ်မလာနိုင်တော့ဘူးဆိုတာလည်း လေညှင်းသိထားပါတယ်..မရနိုင်ဘူးဆိုတာ သိပေမယ့်လည်း ဒီအိပ်မက်ကို ရူးရူးမိုက်မိုက် မျှော်လင့်နေမိတုန်းပဲ..ဟက်...လေညှင်းတော့ ယဥ်ယဥ်လေးနဲ့ ရူးနေပြီ ထင်ပါတယ် မောင်ရယ်.."

စေလိုရာစေ(Completed)Where stories live. Discover now