Ep (9)

6.8K 415 3
                                    


စေလိုရာစေ..

(Unicode)

လေညှင်း တစ်​ယောက် လူဆိုးကောင်ကို အသံတိတ် အကဲဖြတ်နေတုန်း မှော်စက္ခက ကားမောင်းနေရာမှ သူ့ဘက် ဆတ်ခနဲ့ လှည့်ကြည့်လာသည်။

"အဟမ်း!!ရှေ့ကို..ကြည့်မောင်း..ငါမသေချင်သေးဘူး"

သူခိုးလူမိသွားလို့ အခက်တွေ့စွာ ရှောင်လွှဲသွားတဲ့ မျက်နှာလေး။အခုမှ စက္ခ အသေးလေးမျက်နှာကို အနီးကပ်ကြည့်မိတယ်။နူတ်ခေါင်းလုံးလေးပေါ်မှာ မှည့်အနက်လေးတစ်လုံး။နူတ်ခေါင်း ထိပ်တည့်တည့်လေးမှာ မထင်မရှားလေး ရှိနေတာမို့ အသည်းယားစဖွယ် တို့ထိချင်မိသည်။

လေညှင်း ခမျာ ရှက်လည်းရှက် မနေတတ်မထိုင်တတ်နဲ့ တစ်ယောက်တည်း အလုပ်တွေရှုပ်နေရင်း စိမ်းသက်နေတဲ့ လေထုကို ဖြိုခွဲတဲ့အနေနဲ့ သီချင်းဖွင့်ဖို့ အကြံရလိုက်တာကြောင့်..ရှေ့ကို FMခလုတ်ကို အရှက်​ပြေ နှိပ်လိုက်ရသည်။

🎼 ဒါ ပုံ ပြင် လေး ပါ..တ ကယ် ကြေ ကွဲ ရ..

ရင် ခုန် သံ ဖူး သစ် စ အ ရွယ် မှာ..ငါ ငို ခဲ့ ဖူး တာ..

FM ဖွင့်လိုက်တာနဲ့ အဆိုတော် ကော်နီရဲ့ "ပုံပြင်"အမည်ရ အဆွေးသီချင်းလေးက ကားအတွင်း လွင့်ပျံလာလေသည်။

ဒီသီချင်းလေးက လေညှှင်းရဲ့ favourite songတွေထဲက တစ်ပုဒ်။နားထောင်လိုက်တာနဲ့ ငယ်ချစ်ဦးနဲ့ လွှဲခဲ့ရသူတို့ အလွမ်းပိုစေမယ့် သီချင်းကောင်းလေးပင်။အင်း လေညှင်း အချစ်ဦး ကိုမျိုးကို သတိရတိုင်း နားထောင် ဖြစ်တဲ့ သီချင်းလေးဆိုလည်း မမှားဘူးပေါ့။

🎼အ ချိန် တွေ ရယ် ပြောင်း လာ..ကြာ လေ ပို ဝေး သွား..

ဒီ နာ မည် မင်း မှတ် မိ မှာ ပါ.. ဟို အ ရင် တုန်း      က..

🎼ပုံ ပြင် လို တို့ ရဲ့ အ ဖြစ် ပျက် ရယ်..

  ဟို အ ရင် က ရည်း စား ဦး လေး ရယ်..

  တ ခါ တ လေ တော့ လည်း ပဲ သ တိ ရ တယ်..
  ငါ့ အ ချစ် ဦး....

🎼ရင် နာ စ ရာ လေး များ ရဲ့ နောက် ကွယ်..

  ဘယ် အ ခါ မှ မ ခွဲ ဘူး မင်း ပြော ခဲ့..

  ဒါ တွေ အိပ် မက် အ ဖြစ် လွင့် ပျောက် ကွယ်
  ငါ့ အ ချစ် ဦး..

စေလိုရာစေ(Completed)Where stories live. Discover now