Ep(32)

5K 275 0
                                    

စေလိုရာစေ...

(Unicode)

"ဆရာ..ကျွန်တော် လိုက်ပို့ပေးပါ့မယ်..အပြင်မှာမှောင်နေပြီ"

"မိုးစက်..မင်းငါ့ကိုဒုက္ခတိတစ်ယောက်လို မဆက်ဆံနဲ့ ..အခုချိန်မှာ ငါမျက်လုံးတွေကွယ်သွားပေမယ့် ငါကအရင်လူ မှော်စက္ခပဲ..ဘာမှမပြောင်းလဲဘူး..ငါ့ကိုမသနားနဲ့ကြားလား"

"ဟုတ်..ဟုတ်ကဲ့ပါ ဆရာ..ကျွန်တော်အစိုးရိမ်လွန်သွားလို့ပါ...ကျွန်တော့်ကိုခွင့်လွှတ်ပါ"

"မလိုဘူး..ငါမနက်ဖြန် အသေးလေးနဲ့အတူ ဒီကထွက်သွားမယ်..တစ်ခု မှာထားခဲ့မယ်..ငါမရှိတော့ရင်.. ဒီမရဏမှာ ငါ့အစား မင်းတာဝန်ယူပေးပါ..ငါစိတ်ချချင်တယ်.."

"ဆရာ့အမိန့်အတိုင်းပါပဲ..ဆရာ တကယ်လို့ တစ်ချိန်ချိန်မှာ ကျွန်တော့်ကိုလိုအပ်ခဲ့ရင် မိုးစက်လို့ တစ်ခွန်းသာ ခေါ်လိုက်ပါ..ကျွန်တော် ရောက်တဲ့အရပ်က အပြေးလာခဲ့ပါ့မယ်"

"ကောင်းပြီ..ငါသွားမယ်"

မြေအောက်ခန်းကနေ တရွေ့ရွေ့ ထွက်ခွာသွားတဲ့ ဆရာ့ကျောပြင်ကို ငေးကြည့်ရင်း မိုးစက် သက်ပြင်းချမိသည်။နောက်ကနေကြည့်နေသူတောင် ဆရာ့ရဲ့ အထီးကျန် ဝမ်းနည်းမှုတွေ ​မြင်တွေ့နေရတာ အကိုလေးဆိုရင်ရော ဒီနာကျင်မှုတွေ ချစ်ခြင်းတရားတွေ မမြင်တွေ့နိုင်ဘူးလား။

စက္ခ ပြန်ရောက်ရောက်ချင်း အသေးလေးအခန်းရှေ့ရောက်သွားသည်။အချိန်က ညဆယ်နာရီကျော်ပြီ ဖြစ်တာကြောင့် အသေးလေး အိပ်မောကျနေလောက်ပြီ။

ထို့နောက် နှစ်ယောက်အိပ်ကုတင်ကျယ်ကြီးရဲ့ ဘေးခုံလေးမှာ အသာဝင်ထိုင်လိုက်ပြီး သူမြတ်နိုးစွာ ထိတွေ့ဖူးတဲ့ မျက်နှာသေးသေးလေးကို လက်ဖြင့်စမ်း၍ ပါးပြင်လေးကို ပဲ့ကြွေသွားမှာစိုးသည့်အလား လက်ချောင်းလေးများဖြင့် ညင်သာစွာ ရွေ့လျားလိုက်သည်။

အသေးလေး ငြိမ်နေပုံထောက်ရင်တော့ အိပ်မက်ကမ္ဘာရောက်နေလောက်ပါပြီ။နို့မို့ဆို သူ့အထိတွေ့တွေကို အသေးလေးက သိပ်ကိုရွံမုန်းနေသည်မဟုတ်လား။

"မောင်တို့ မနက်ဖြန် ဒီကနေ ထွက်သွားကြမယ်နော်..မင်းနေခဲ့တဲ့ အိမ်လေးမှာ မောင်တို့အတူတူနေကြမယ်..မောင့်အသေးလေး..ဒီလောက်ဆို မင်းအမုန်းတွေ ဖြေဖျောက်ပေးနိုင်မလား..ဟင်..မောင် မင်းအပေါ် အရာရာ အရူံးပေးထါးပြီးပြီ..မောင့်ဘဝကိုလည်း မင်းဆီအပ်နှံထားလိုက်ပြီလေ.ဒီလောက်ဆိုရင်.. မောင့်ကိုခွင့်လွှတ်ပေးလို့မရဘူးလား"

စေလိုရာစေ(Completed)Where stories live. Discover now