Ep(18)

5.8K 320 2
                                    


စေလိုရာစေ..

(Unicode)

"သားက လူချောလေးပဲ..ညီမနန်းရည်နဲ့ သားအမိလို့တောင် မပြောရဘူး"

"ဟင်း..ဟင်း..အမကတော့ မြောက်နေပြန်ပါပြီ..ဒါနဲ့ သမီးလေး ဝတ်လွှာချိုရော"

"ရှိပ..ရှိပ..ပိတ်ရက်လေးမှာ အဘွားကို ကိုယ်တိုင်ချက်ကျွေးချင်လို့ ဆိုပြီး ကိုယ်တိုင် မီးဖိုချောင် ဝင်နေလေရဲ့..သမီးရယ် ပိတ်ရက်လေး နားပါဆိုလည်း ပြောမရဘူးလေ"

လေညှင်းတို့သားအမိ အိမ်ထဲဝင်ဝင်ချင်း အသက်အရွယ်အားဖြင့် ခြောက်ဆယ်ရှိသော်ငြား
ရင်ဖုံးလက်တို ပါတိတ်အပွင့်ကြီး ထမိန်ကို နန်းဆန်ဆန် ဝတ်ဆင်ထားတဲ့ အဖွားတစ်ယောက် ချိုအီသော အပြုံးဖြင့် နူတ်ဆက်လာသည်။

ထို့နောက် ထိုအဖွားကပင် ဧည့်ခန်းထဲ ဦးဆောင်ဝင်သွားပြီးနောက် အမေက အဖွားနဲ့ ဆိုဖာမျက်နှာ ချင်းဆိုင်မှာ ဝင်ထိုင်လိုက်ပြီး လေညှင်းက နှစ်ခုံတွဲ ဆိုဖာလေးမှာ နေရာဝင်ယူလိုက်သည်။

အိမ်အပြင်ဆင်ကတော့ နည်းနည်းလေး ရှေးကျသည်ဟု ပြောရမည်။ကျွန်းရောင်တလက်လက် ထနေတဲ့ ဧည့်ခန်းနံရံမှာ ရုပ်သေးရုပ် အရွယ်အစားအမျိုးမျိုးကို ​​သေသပ်စွာ ချိတ်ဆွဲထားသည့်အပြင် ထိုင်မသိမ်း ဆင်မြန်းထားသည့် အမျိုးသမီးတစ်ယောက် စောင်းကောက်တီးနေဟန် သစ်သား ပန်းပုရုပ်ကလည်း အခန်းရဲ့ ဘေးတစ်ဖက် မှာ အသက်ဝင်စွာတည်ရှိနေသည်။

ထို့နောက် ကြည့်လိုက်တာနဲ့ တန်ဖိုးကြီး ဆေးရေးပန်းချီကား ဖြစ်ဟန်တူတဲ့ ရှေးခေတ် ပုဂံပြည်၏
အလှကို သစ်ပင်တို့ အုံ့ဆိုင်းမှိုင်းညို့စွာ ရေးဆွဲထားသည့် ပန်းချီကားချပ်ကြီးကလည်း ဧည့်ခန်းထဲ ဝင်လိုက်တာနဲ့ မြန်မာမှု အငွေ့အသက်လေး ခံစားရမိစေ၏။

အလုံးစုံ ခြုံငုံပြီး ပြောရရင်တော့ အဖွား ဒေါ်သင်းယုက မြန်မာမှု မြန်မာ့ဟန်ကို တန်ဖိုးထား ချစ်မြတ်နိုးတဲ့ ရှေးလူကြီး တစ်ယောက် ဖြစ်ပြီး ဝတ်ပုံစားပုံကအစ သိမ်မွေ့နူးညံ့သော အမျိုးသမီးကြီး တစ်ယောက်ပင်။

"မနွယ်ရေ..ညည်းမမလေးကို ခေါ်ခဲ့ပါဦး..ဒီမှာ ဧည့်သည်တွေ ရောက်နေပြီ..လုပ်လက်စကို မနွယ်ပြောင်းယူပြီး ဒီကိုလွှတ်လိုက်"

စေလိုရာစေ(Completed)Where stories live. Discover now