Ep(34)

5K 263 1
                                    


စေလိုရာစေ...

(Unicode)

မှော်စက္ခကို အခန်းထဲတွဲပို့ပေးပြီးတာနဲ့ ကိုယ့်အခန်းရှိရာ အပေါ်ထပ်ကိုတက်လာခဲ့လိုက်သည်။ထို့နောက် ဘုရားဝတ်ပြု၍ ကွယ်လွန်သွားပြီဖြစ်တဲ့ လေညှင်းအဖေနဲ့အမေကို အမျှဝေပြီး ကိုယ်လက်သန့်စင်၍ မွေ့ယာပေါ်လှဲချလိုက်သည်။

အခုမှ နွေးထွေးပြည့်စုံတဲ့ ခံစားချက်လေးရသည်။တစ်ခုပဲ အရင်လို မေမေ သူ့အနားမရှိတော့တာကလွဲလို့ အိမ်လေးက အရင်တိုင်းပဲ
လုံခြုံရင်းနှီးမှုအငွေ့အသက်ကို ပေးစွမ်းတုန်း။

လောကကြီးမှာ ဆွေမရှိမျိုးမရှိနဲ့ တစ်ယောက်တည်း ဖြစ်သွားတဲ့ခံစားချက်က ဆိုးရွားလွန်းသည်။

အတိတ်က အကြောင်းတွေပြန်တွေးရင်း ဘေးကဘီရိုပုလေးပေါ် တင်ထားသည့် ဓာတ်ပုံလေးဆီ အကြည့်ရောက်မိသွားသည်။ဓာတ်ပုံလေးထဲမှာ
သူက ဘွဲ့ဝတ်စုံနဲ့ဖြစ်ပြီး ဦးစံလက်ဆောင်ပေးထါးသည့် ဝက်ဝံရုပ်လေးက တစ်ဖက်က ပိုက်ကာ အလှဆုံး ပြုးရယ်ကာဖြင့်။ဘေးတစ်ဖက်စီမှာတော့ မေမေနဲ့ဦးစံက သူ့လိုပဲ အပြုံးကိုယ်စီဖြင့်။

"ဟုတ်သား..ငါဒီပြန်ရောက်နေတာ ဦးစံမသိသေးဘူး..ဦးစံကို ဖုန်းဆက်ကြည့်မှာပါ..အခုလောက်ဆို စိတ်ဆိုးပြေပြီထင်တာပဲ"

ပြောလည်းပြော ဖုန်းယူ၍ ဦးစံကို ခေါ်လိုက်သည်။ဦးစံက စိတ်ဆိုးခဲသလို စိတ်ပြေလည်းမြန်သည့်လူမျိုး။အခု ဖုန်းဝင်သွားပုံထောက် သူ့ဖုန်းနံပတ်ကို ဘလော့ထားတာ ဖြုတ်လိုက်ပုံရသည်။ ဒါဆို အခြေနေကောင်းသည်ပေါ့။

"တီ..တီ"

"ဟယ်လို"

"ဦးစံ...သား လေညှင်းပါ"

"အင်း...ပြောလေ..ငါ့တူ..ဦးစံကို တကူးတကဖုန်းဆက်လာတယ်ဆိုတော့ ဘာအကူညီများလိုလို့လဲ"

"အာ..ဦးစံကို လေညှင်းသတိရလို့ဆက်လိုက်တာ..ပြီးတော့ အိမ်ပြန်ရောက်နေပြီ အဲ့ဒါ ဦးစံကို အသိပေးချင်လို့..အင့်..သား..သား ဦးစံကိုလည်း
လွမ်းတယ်"

ပြောရင်းနဲ့ ဝမ်းနည်းလာတဲ့ခံစားချက်ကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားပေမယ့် ဦးစံရဲ့အရင်လို နွေးထွေးတဲ့အသံပြန်ကြားရတော့ ရှိုက်သံပါလို့သွားသည်။

စေလိုရာစေ(Completed)Where stories live. Discover now