Ep(20)

6.4K 328 14
                                    


စေလိုရာစေ...

(Unicode)

"ကလေး မနက်စာစားပြီးပြီလား..တစ်ခုခုမှာလေ"

"မမှာတော့ဘူး ကိုမျိုး..ခဏနေရင် လေညှင်းပြန်သွားရမှာ..အခုတောင် ဦးစံကြောင့် လေညှင်း
ထွက်လာလို့ရတာ"

"ကလေး..ကလေးရဲ့ မေမေက ကိုယ်တို့အကြောင်း သိသွားပြီမဟုတ်လား..ဒါဆို ဘာလို့ ကလေးကို မိန်းကလေး တစ်ယောက်နဲ့ ချက်ချင်း စေ့စပ်ပေးဖို့ စီစဥ်ရတာလဲ..ကလေးရော ကိုယ့်ကိုမချစ်တော့ဘူးလား...ဟင်..ကိုယ် ဘာတွေများ ထပ်ပြီး အပြစ်လုပ်မိသလဲ..ပြောပါ..ကလေးရယ်..ကိုယ်မင်းမရှိပဲမနေနိုင်တော့ဘူး..ကိုယ့်ကိုထားမသွားပါနဲ့"

"မဟုတ်ဘူး..လေညှင်း ကိုမျိုးကို ချစ်ပါတယ် သံယောဇဉ်လည်းရှိတယ်..ဒါပေမယ့် မေမေ့ကို မလွန်ဆန်နိုင်ဘူး..ကိုမျိုး..အစ်ကို့ကိုချစ်ပေမယ့် အချစ်အတွက်နဲ့ မေမေ့ရင်ကို ခြေစုံကန်ဖို့အင်အားမရှိတာ ..လေညှင်းကို ခွင့်လွှတ်ပေးပါ"

"ဟင်း..ဒီလိုလုပ်ပါလား..ကလေးရယ်..ကိုယ် ကလေးမေမေကို ကိုယ်တို့နှစ်ယောက် ကို ခွင့်ပြုပေးဖို့ လိုက်ပြောပေးမယ်လေ..ကိုယ်ဒူးထောက်ရလည်း အဆင်ပြေတယ် ကလေး"

"မဖြစ်နိုင်ဘူး..သားသမီးအရင်းဖြစ်တဲ့ လေညှင်းတောင် ပြောလို့မရတာ ကိုမျိုးဆိုရင် အခြေနေတွေက ဒီ့ထက်ပိုဆိုးလာယုံပဲ..မေမေ့အကြောင်း လေညှင်းသိတယ်.."

"...."

"လေညှင်းသွားတော့မယ်..ကိုမျိုး..ဖူးစာပါရင် တနေ့ပြန်ဆုံတွေ့ကြတာပေါ့..အခုတော့ လေညှင်းကို လက်လွတ်ပေးပါ..အင့်"

ပြောရင်း ဆို့တက်လာတဲ့ ဝမ်းနည်းစိတ်ကို မထိန်းချုပ်နိုင်ဘဲ တစ်ချက်ရှိုက်ရင်း ကိုမျိုးနဲ့ဝေးရာ ပြေးထွက်လာခဲ့တော့သညျ။

တောင်းပန်ပါတယ် ကိုမျိုး ဒီတစ်ကြိမ်တော့ လေညှင်းဘက်က အရင် စွန့်ခှာခွင့်ပြုပါ။

"ကလေး..ကလေး ခဏ နေပါဦး"

နောက်ကနေ ပြေးလိုက်လာသူကို လှည့်မကြည့်မိ ပါးပြင်ပေါ် နေရာယူလာတဲ့ မျက်ရည်စတွေသာ လက်ခုံနဲ့ ဖိသုတ်ရင်း ကားပေါ်တက်ဖို့ ပြင်လိုက်သည်။

စေလိုရာစေ(Completed)Where stories live. Discover now