Ep(6)

7.9K 425 13
                                    


စေလိုရာစေ..

(Unicode)

"မင်း..ဘာလာလုပ်ပြန်ပြီလဲ..အကြွေးကိစ္စဆိုရင်တော့ လွန်ခဲ့တဲ့ နှစ်ပတ်က ငါရှင်းခဲ့ပြီးပြီ ထင်တာပဲ"

လေညှင်း ဆေးခန်းထဲ ဝင်ဝင်ချင်း မျက်နှာပျက်နေတဲ့ မိနွယ်ကို သတိထားမိပေမယ့် မိသားစုအရေးလို့သာ ထင်လိုက်တာ။လက်စသတ်တော့ သကောင့်သား မှော်စက္ခက ဆေးခန်းကုတင်မှာ လက်ကိုပိုက် ခြေကိုချိတ်လို့ ဘယ်သူ့ကိုမှ လူမထင်တဲ့စတိုင်မျိုးနဲ့ ထိုင်နေတာကြောင့်ပင်။

မိနွယ်လန့်ချင်လည်း လန့်စရာလေ။အခုလည်းကြည့် ဆေးခန်းကို သူအပိုင်စားရထားသလို ဘယ်သူ့ကိုမှ ဂရုမစိုက်။နူတ်ခမ်းနှစ်လွှာ ကြားက ဆေးလိပ်ကလည်း အငွေ့တထောင်းထောင်းနဲ့။ဒါတမင်သက်သက် လုပ်နေတာ။

"ဒါ..ဆေးခန်း..မှော်စက္ခ..မင်းအပျင်း​ပြေ..ဆေးလိပ်လာသောက်ရမယ့် နေရာမဟုတ်ဘူး"

"ဟက်!!"

"ငါပြောတဲ့အထဲမှာ ရယ်စရာပါလို့လား ဟမ်..ထွက်သွားပေး..ဒီနေရာက မင်းလိုလူနဲ့မအပ်စပ်ဘူး.. ငါမကြာခင် လူနာခေါ်တော့မှာမို့..အဲ့ဒီနေရာက အခုချက်ချင်းဖယ်တော့"

"ဒီမှာလေ"

"ဘာကိုလဲ"

"ကျုပ်ကလူနာလေ"

"ဘယ်လို..လူနာ..အဟင်း..ငါ့အမြင်အရတော့ မင်းက အလတ်ကြီးပါ.."

"ဒီလောက်ဆို ရပြီလား"

"ဟာ!!ဟေ့..မင်း ဘယ်လို လိုက်တာလဲ..မင်း ရူးနေလား..ဟမ်..ကိုယ့်အသားကိုယ်အနာခံရအောင်!!"

စားပွဲပေါ်က ခွဲစိတ်ဓား အသေးကို လက်ဖဝါးစောင်း တစ်လျောက် အစိမ်းသက်သက် ထိုးခွဲလိုက်တာကြောင့် လေညှင်း လန့်ပြီး အော်လိုက်ပေမယ့် သူကတော့ နာကျင်မှု တစ်စက် မှ ရှိဟန်မတူ။သွေးတစ်စက်စက် ကျနေတဲ့ ဒဏ်ရာကိုသာ မမှိတ်မသုန် ကြည့်​ေနပြီး..

"ကျုပ်ဒဏ်ရာရသွားပြီလေ..ဆေးထည့်ပေးတော့"

မထုံတတေး မျက်နှာပေးနဲ့ လက်ဒဏ်ရာကို သူ့ရှေ့ထိုးပေးပြီး ဆိုလာသူ။

"မင်း..မင်း..ငါ့ကို ဒီလိုတွေလုပ်နေတာ...ငါ့ကို ဟိုနေ့က ကိစ္စနဲ့ပက်သက်ပြီး မကျေနပ်လို့ အခုလိုလုပ်နေတာလား"

စေလိုရာစေ(Completed)Where stories live. Discover now