Ep(4)

8.5K 482 2
                                    


စေလိုရာစေ..

(Unicode)

လူအုပ်ကြီးသည်လည်း ထိုကား အနားတဖြည်းဖြည်းရွေ့သွားသည်။လေညှင်းလည်း တိုးရင်းတိုးရင်း လူအုပ်အလယ်ရောက်နေပြီ။

"ဟာ!!သွားပြီ..ဟေ့ကောင်ရေ..မှော်စက္ခပါ လိုက်လာတာ..ဒီကောင့်အသက်တော့ မတွေးဝံ့စရာပဲ"

"ဟေ့ကောင်..ရဲတိုင်လိုက်ရင်မကောင်းဘူးလား"

"ဟ..ရဲတောင် သူ့မနိုင်လို့လွှတ်ထားတာ..မင်းမသိဘဲ ဘာမှဝင်မပြောစမ်းပါနဲ့..မင်းပထွေးတွေ ကြားသွားမှ ဖြင့်"

သူတို့ ပြောတဲ့ မှော်စက္ခ ဆိုတဲ့ လူကို လေညှင်း သေချာကြည့်လိုက် မိသည်။ရှည်လျားလွန်းတဲ့ အရပ်နဲ့ တစ်ကိုယ်လုံး all blackဝတ်ဆင်ထားတဲ့ ထိုလူ။အလယ်ခွဲ ဆံပင်ကို ရှေ့ကို အနည်းငယ် အရှည်ထားပြီး နဖူးဘေး တစ်ဖက်စီမှာလှိုင်းတွန့်ပုံသဏ္ဍာန် ကွေး၍ ချထား၏။

ထူးခြားတာက လွန်းအိမ် ပုံစံ ရှည်မျောမျော မျက်ဝန်းတွေ။ကြည့်လိုက်တာနဲ့ အဆိပ်ပြင်း မြွေတစ်ကောင်လို ညို့ယူနေသလို စူးရှရှ မျက်ဝန်းတစ်စုံက မည်သူမျှ မဖယ်ခွာနိုင်လောက်အောင် ဖမ်းစားလွန်းတယ်။

"ဆရာ..သူတို့ကို ဘယ်လိုလုပ်လိုက်ရမလဲ"

စက္ခ လက်ထဲက ဆေးလိပ်ကို ဖိနပ်နဲ့ တစ်ချက် ဖိချေလိုက်ပြီး..

"သွားရှာ...သူတို့ အိမ်ထဲက ပိုက်ဆံတစ်ပြားတစ်ချပ်တောင် မကျန်စေနဲ့..ငါ့ဆီအကုန်ယူလာခဲ့!!"

"ဟုတ်ကဲ့..ဆရာ"

မှော်စက္ခ က ခပ်ပြတ်ပြတ် အမိန့်ပေးလိုက်သည်နှင့် ဟိုလေးယောက်က အိမ်အသေးလေးပေါ် တက် မွှေတော့သည်။

"ဆရာ..အားလုံးပေါင်း..သိန်းနှစ်ဆယ် တွေ့ပါတယ်"

"ဟက်!!ငါ့ကို လိမ်ရဲတယ်ပေါ့.."

"အဟင့်..မဟုတ်.."

"ဖြောင်း!!"

"အ!!"

သူ့ကို လိမ်တဲ့ မောင်နှမ နှစ်ယောက်ကို စက္ခ ပိတ်ကန်လိုက်တော့ လူတွေရဲ့ ဒေါသထွက်တဲ့အသံ မချင့်မရဲ ဖြစ်နေတဲ့ အသံတွေ တစ်စွန်းတစ်စ ထွက်ပေါ်လာသည်။ဒါတွေကို သူမမှု ၊ အဓိကက ဦးသိဂ်ါ ခိုင်းတဲ့ အလုပ်ကို တာဝန်ကျေဖို့ပဲ။သေချင်တဲ့သူသေ ငိုချင်တဲ့သူ ငိုကြစမ်းပါစေ။

စေလိုရာစေ(Completed)Where stories live. Discover now