Extra

8K 300 18
                                    


စေလိုရာစေ...

(Unicode)

ဒီနေ့က လေညှင်းရဲ့အားလပ်ရက်။အားလပ်ရက်ဆိုပေမယ့် နားရမယ်မထင်နဲ့။မနက် ကိုးနာရီလောက် အမ စုလဲ့ရဲ့weddingသွားစရာရှိတာကြောင့် မနေ့ညကတည်းက သားအဖသုံးယောက်
အတွက် တခါတည်း အဝတ်တွေ ပြင်ဆင်ပြီးသား။

"မောင်ရေ....သားသား အအေးပက် မယ်လေ..မြန်မြန်ထွက်ခဲ့တော့!"

မနက်ထကတည်းက ရေချိုးမယ်ဆိုပြီး ဝင်သွားတဲ့ သားအဖ အခုလေညှင်း ဘုရားဝတ်ပြုပြီးသည်အထိ ထွက် မလာသေး။မောင်က သားသားကို တအားအလိုလိုက်တယ်။ဟိုဟာလေးကလည်း သူ့ဒယ်ဒီအားကိုးနဲ့ဆို လေညှင်းရဲ့​ပြောစကားကို သိပ်နားမထောင်ချင်တော့ဘူး။အဲ့လိုအခါကျ လေညှင်းက ရိုက်မယ်ဘာညာလုပ်လိုက်ရင် မောင်က အမြဲအရှေ့ကနေ ကာဆီးကာဆီးနဲ့။ခက်တယ် ဒီလိုသာ ရှေ့ဆက်သွားရင် မြတ်ပဏ္ဍာမောင်တို့ ငယ်ငယ်ရွယ်ရွယ်နဲ့ ပျက်ဆီးမှာတော့ မြင်ယောင်တယ်။

"ဟား..ဟား..မင်းပါးပါးက ဒယ်ဒီ့ကိုပိုချစ်တာဆိုကွာ...မယုံရင် ပါပါးကို မေးကြည့်"

"အမ်..ဟုတ်ပဲနဲ့..ပုတင်းကို..ပိုဂျစ်တာပါဆို.."

သားအဖနှစ်ယောက် ရေချိုးခန်းထဲက ထွက်လာကတည်းက စကားနိုင်လုနေတာ တစ်ယောက် မှအလျော့မပေး။မောင်ကလည်း ပူတင်းကို တအားအစနောက်သန်သလို ပူတင်းကလည်း
သူ့ဒယ်ဒီစလို့ မနိုင်တော့ဘူးဆိုရင် အာပြဲ​ြကီးနဲ့ငိုပြီး လေညှင်းကိုတိုင်ပြီ။အဲ့လိုအချိန်ကျရင်တော့ ပူတင်းက လေညှင်းနဲ့တဖွဲ့တည်း ဖြစ်သွားပြီး မောင့်ကို ဝိုင်းပြီးအနိုင်ကျင့်ကြတာ တကယ်ပျော်စရာကောင်းသည်။

"ပါပါး..သားသားကို ဒယ်ရီ်ထက် ပိုဂျစ်တယ်မရားဟင်..ဟုတ်ရယ်မလား..ဒယ်ရီကို ပြောရိုက်..ပူတင်းကို ပိုချစ်ရာရို့"

ဖင်ပြောင်လေးကို ဘောင်းဘီအပွလေးစွပ်ပေးနေတုန်း ပါးစပ်ကလည်းအငြိမ်မနေ အဝတ်စားဝတ်နေတဲ့ သူ့ဒယ်ဒီကို ချောင်း​ကြည့် လိုက် လေညှင်းအနားတိုးကပ်ပြီး မေးလိုက်နဲ့ တစ်ယောက်တည်း အလှုပ်ရှုပ်နေတဲ့ ပေါက်စပါလေ။

စေလိုရာစေ(Completed)Where stories live. Discover now