Ep(3)

8.9K 483 4
                                    

စေလိုရာစေ..

(Unicode)

ဒီနေ့က လေညှင်း အားလပ်ရက်။ ဆေးရုံရော ဆေးခန်းပါ ပိတ်ထားတော့ မနက်နည်းနည်းနောက်ကျမှ အိပ်ယာ ထဖြစ်သည်။

"မောနီး..မေမေ"

"မောနီး..သားလေး"

မနက် ရှစ်နာရီလောက် breakfastစားဖို့ ဆင်းသွားတော့ မေမေက ထုံးစံအတိုင်း ဆံထုံးလေးကို လှလှလေး ထုံးဖွဲ့ထားပြီး ကျောက်စိမ်းရောင် ပါတိ်တ် ဝမ်းဆက်နဲ့ လှပနေတယ်။အသက်ငါးဆယ်လို့ မထင်ရအောင် အရွယ်တင်လှတဲ့ မေမေက ရုပ်ရှင်ထဲက မင်းသမီးကြီးတွေလို ကျက်သရေရှိလွန်းလှသည်။

"မေမေ..ဘယ်သူနဲ့ချိန်းထားလို့လဲ..အလှတွေ ပြင်ထားတာ"

"​ေဩာ်..ဒီကလေး..နောက်စရာမရှိ..မအေကို ရှာကြံနောက်ရတယ်လို့..ဒီအသက်ရွယ်ကြီးရောက် မှ ဘယ်သူနဲ့မှ မချိန်းရပါဘူးတော်..ညက ဖောက်သည်တစ်ယောက် ဖုန်းဆက်ထားလို့..သူ့မိတ်ဆွေက အမေရောင်းတဲ့ လက်ဝတ်ရတနာတွေ ကြိုက်လို့တဲ့လေ..အဲ့ဒါသွားဖို့ ပြင်ဆင်ထားတာ"

"ဟိ..ဟီး..မသိပါဘူး..မေမေက အရမ်းလှနေတော့ သားက မေးကြည့်တာ..စိတ်မဆိုးနဲ့"

"သား..ဒီနေ့ ဆေးခန်းပိတ်တော့ အေးဆေးပေါ့..အိမ်မှာ ပျင်းနေရင် အမေနဲ့ လိုက်ခဲ့ပါလား..အခုသွားမယ့် အိမ်က ဒေါ်သင်းယုရဲ့ မြေးမလေးက သားလိုပဲ ဆရာဝန်မလေး..ရုပ်လေးကလည်း တော်တော်ချောတာ..တခါ စကားဆက်စပ်မိလို့ သားနဲ့မိတ်ဆက်ပေးမယ်လို့တောင် ပြောထားသေးတယ်...အခုအားနေတာနဲ့ တစ်ခါတည်းလိုက်ခဲ့ပါလား..သား..လူငယ်အချင်းချင်း ရင်းနှိးသွားတာပေါ့"

အင်း စလာပြ​ီ ၊အမေ့ရဲ့ သူ့သားအတွက် ချွေးမရှာပုံတော် ဇာတ်လမ်းက ဆရာဝန် ချွေးမလောင်းလေးကို ချိန်နေပြန်ပြီ။စဥ်းစားစမ်း လေညှင်း
အမေ့နောက် မလိုက်ရအောင် ဆင်ခြင်တစ်ခုခု ခေါင်းထဲက ထွက်စမ်း။

Ring..Ring..Ring

စားပွဲပေါ်တုန်ခါသွားတဲ့ လေညှင်းရဲ့ ဖုန်း​လေးကို အခုလို အကျပ်ရိုက်နေတဲ့ အချိန်မှာ ထိုင်တောင်ကန်တော့ချင်မိတယ်။

ဖုန်းcontactကြည့်လိုက်တော့ အမနှင်းလဲ့ရည်။

"ဟယ်လို..အမနှင်း"

စေလိုရာစေ(Completed)Where stories live. Discover now