Ep(36)

4.9K 316 8
                                    


စေလိုရာစေ..

(Unicode)

လေညှင်း အိမ်ပြန်ရောက်တော့ ကိုထွန်းနဲ့ ဒေါ်လုံးက ရွာကနေ ပြန်ရောက်နေပြီဖြစ်ပြီး သူ့ကိုမြင်တော့ ဝမ်းသာအားရ ပြေးဖက်ကြသည်။

"အမလေး..သားငယ်လေးရယ်..ကြီးလုံးဖြင့် ဝမ်းသာလို့မဆုံးဘူး..သားငယ်လေး ဖုန်းဆက်တာ ကြီးလုံးမှာ အခုထိ အိပ်မက်လို့ထင်နေတုန်း.."

"ဟား..ဒေါ်ကြီးလုံးကတော့ ပြောပြန်ပြီဟေ့..တစ်လမ်းလုံးလည်း ဒါပဲပြောလာတာ အကိုလေးရေ..သူ့မှာ အကိုလေး ဘယ်တော့ပြန်ဆက်သွယ်မလဲပဲ မျှော်လင့်နေတာ"

"အမလေးတော်..ငထွန်းရယ်..နင်က ငါ့ထက်တောင် ပိုမျော်နေတာမဟုတ်ဘူးလား..အကိုလေး
ဆီမှာ အလုပ်ပြန်ရမှ အရင်လိုအိမ်ဝင်ငွေလေး ပြန်အဆင်ပြေမှာဆို.."

"အဟီး..ဒါတော့ ဝန်ခံတယ်ဗျို့"

ပွင့်လင်းရိုးသားတဲ့ တောသူတောင်သားတွေမို့ စကားပြောဆိုရာမှာ ဟန်ဆောင်ခြင်း အလျဥ်းမရ​ှိသလို စိတ်စေတနာ အလွန်ကောင်းကြသူများဖြစ်သည်။

"ဟုတ်ပါပြီ..သားလည်း ကြီးလုံးတို့ကို သတိရနေတာလေ.....အဲ့ဒါကြောင့် ဒီကိုရောက်ရောက်ချင်းပဲ ဆက်သွယ်လိုက်တာပေါ့.."

"ကဲပါ..သားငယ်လေးလည်း ဆေးရုံမှာပင်ပန်းလာမှာပေါ့.. သွား နာနားနေနေ နေပြီး ရေလေးချိုးလိုက်ဦး..ပြီးရင် သားငယ်လေးအကြိုက်..ဟင်းတွေရှယ်ချက်ထားတယ်..လာစားလှည့် ဟုတ်ပြီလား"

"ဟုတ်..ဒါဆို သားအပေါ်တက်လိုက်ဦးမယ်...ကြီးလုံးတို့လည်း ခရီးပန်းလာတာ ဘာမှသိပ်မလုပ်ပါနဲ့ဦး..မိနွယ်လေးလည်းရှိတယ်"

"အင်းပါ..ငါ့သားငယ်လေးကတော့ တဖက်သားအပေါ် စာနာတတ်တဲ့နေရာမှာ အရင်လိုပဲ ဘာမှမပြောင်းလဲဘူး.."

လောကမှာ တစ်ဦးတည်းသော တွယ်တာရာ အမေဖြစ်သူက ရုတ်တရတ်ဆုံးသွားတော့ သားငယ်လေးကို ချစ်တာအပြင် ဂရုဏာသက်မိတော့ ကိုယ့်သားအရင်းလေးလို သံယောဇဥ်ဖြစ်မိနေသည်။

ဒေါက်..ဒေါက်..

"ဆရာ..မိနွယ်ပါ"

"​ေဩာ်...ဝင်ခဲ့လေ..မိနွယ်..ဆရာလော့မချထားဘူး"

စေလိုရာစေ(Completed)Where stories live. Discover now