Ep(25)

5.9K 298 2
                                    


စေလိုရာစေ...

(Unicode)

"ကျွီ!"

ခြံရှေ့ကားရပ်လိုက်တာနဲ့ မှော်စက္ခ တံခါးဖွင့်ပေးတါ မစောင့်နိုင်တော့။အမေ့ကို တွေ့ရင် ပြေးဖက်ချင်တဲ့ စိတ်က တရိပ်ရိပ်တိုးလာသည်နှင့်အမျှ တံခါးကို ချက်ချင်းဖွင့်ဆင်းပြီး တစ်လကျော် လွမ်းနေခဲ့ရတဲ့ အမေ့ရဲ့အိမ်လေးဆီ။

"ဟင်"

ခြံထဲ ဝင်လိုက်သည်နှင့် အထုပ်ပိုးကိုယ်စီဆဲွဲပြီး
ထွက်လာကြတဲ့ ဒရိုင်ဘာကိုထွန်းအေးနဲ့ကြီးလုံး။
ပုံစုံကြည့်ရတာ တနေနေရာရာကို ခဏသွားမယ့်ပုံမဟုတ်။လေညှင်း မရှိခဲ့တဲ့ အတောအတွင်း အိမ်မှာ ဘာတွေများ ဖြစ်ခဲ့ပါလိမ့်။

"ဟာ..အကိုလေး..လေညှင်း"

"အယ်..သားငယ်လေး..ဘယ်တွေရောက်နေတာလဲ..သားငယ်လေးရယ်..ကြီးလုံးတို့ ဖုန်းခေါ်တော့လည်း စက်ပိတ်ထားတာနဲ့ပဲ တိုးနေတာ.."

"ဟို..အဲ့ဒါနောက်မှ ပြောပြမယ် ကြီးလုံး..အခု ကြီးလုံးတို့က ဘယ်သွားမလို့လဲ..မေမေရော"

အမေရော မေးတော့ ကိုယ်စီ မျက်နှာပျက်သွားကြပြီး သက်ပြင်းချသံ သဲ့သဲ့နှင့်..

"သားငယ်​လေးရယ်..မေးမှမေးပါ့မလားလို့..ဟင်း..သားငယ်လေးအမေ..စေ့စပ်ပွဲ ပျက်သွားတဲ့နေ့က စိတ်ထိခိုက်လွန်ပြီး heart attackဖြစ်လို့ အရေးပေါ်ရောက်သွားခဲ့တယ်..ပြီးတော့..မကြာပါဘူး သားငယ်လေးအလာကိုမျှော်နေရင်းနဲ့ ဆုံးသွားရှာ.."

ရှိုက်သံနဲ့အတူ ပြတ်တောက်သွားတဲ့ စကားသံအဆုံး လေညှင်းသွဲ့ ခြေအစုံလည်း မြေကြီးပေါ်ပုံခနဲ။

"ဟင့်..မဖြစ်..မဖြစ်နိုင်ပါဘူး..အဲ့ဒီ..အဲ့ဒီနေ့က အမေက အလှတွေပြင်ထားပြီး ပျော်တောင်ပျော်နေသေးတာ..အင့်..မဟုတ်ဘူး..မေမေ
..ဟင့်"

မှော်စက္ခတစ်ယောက် အသေးလေးရဲ့အမေ
သူ့ရဲ့ပူပူနွေးနွေး ယောက္ခမကြီးနဲ့ ရင်ဆိုင်ပြီး အပိုစကားတွေ မပြောချင်တာကြောင့် အပြင်မှာ ဖုန်းသုံးရင်း ကားကိုမှီ၍ အသေးလေး ထွက်အလာကို စောင့်နေလိုက်သည်။သို့သော် မကြာလိုက် သူ့အသေးလေး ငိုသံကြားလိုက်တာကြောင့်
ခြံတံခါးကို ဆောင့်ဖွင့်ပြီး အပြေးတပိုင်း ဝင်သွားမိသည်။

စေလိုရာစေ(Completed)Where stories live. Discover now