Ep(22)

6.2K 324 0
                                    


စေလိုရာစေ...

(Unicode)

"အ!"

နာကျင်လွန်းလို့ ခဏတာ သတိမေ့သွားပြီး ပြန်နိုးလာတော့ လေညှင်းကိုယ်ပေါ်မှာ ညအိပ်ဝတ်စုံအပြည့်။စားပွဲတင် နာရီလှမ်းကြည့်လိုက်တော့ ည ခုနှစ်နာရီ။အခန်းထဲ ဝေ့ဝဲကြည့်တော့ လူ့ဘီလူးကောင်ကို မတွေ့ရ။

အောက်ပိုင်းတစ်ခုလုံး ကျိုးကြေမတတ် နာကျင်မှုကို အန်တုပြီးနောက် ကုတင်ပေါ်က ဖြေးညင်းစွာဆင်းလိုက်သည်။

လေညှင်း ဒီနေရာကနေ လွတ်မှဖြစ်မယ်။မဟုတ်ရင် မေမေ သူ့ကို အထင်လဲွဲပြီး စိတ်နာသွားတော့မှာ။ခက်တာက အခု လေညှင်းရောက်နေတဲ့ နေရာက ဘယ်နေရာ ဘယ်မြို့လဲ သူမသိ။လိုက်ကာရှည်တွေ ဆွဲဖယ်ကြည့်တော့လည်း
မြင်မြင်သမျှ အရာတိုင်းက အမှောင်ထုက ကြီးစိုး
နေသည်မို့ လေညှင်း ငိုချင်လာသည်။

"ကျွီ"

အခန်းတွင်း ထောင့်စွန်းမှ ရေချိုးခန်း ဖြစ်ဟန်တူသော တံခါးက ရုတ်ချည်း ပွင့်သွားပြီးနောက်
အောက်ပိုင်း တဘက်တစသာ ပတ်ထားတဲ့ မှော်စက္ခ ဖြည်းညင်းစွာ လမ်းလျောက်လာသည်။

"အဟမ်း..အသေးလေးတောင် နိုးနေပြီပဲ..ဗိုက်ဆာလား..ကျုပ်ဘာဝယ်ပေးရမလဲ..ခင်ဗျားစားချင်တာရှိရင်ပြော"

ကျစ်လစ် သန်မာတဲ့ ရင်ဘတ် ကြွက်သားတွေပေါ် ရေစက်တွေက နေရာယူထားပြီး လက်ဖျံက သွေးကြောစိမ်းတွေက မှော်စက္ခ၏ ယောက်ျားပီသမှုကို ထပ်ဆင့်လောင်းလျက်။

"မဝယ်နဲ့!...ငါစားချင်စိတ်မရှိဘူး..ပြီးတော့ ငါ့ကို အိမ်ပြန်ပို့ပေးပါ..မှော်စက္ခ..မင်းလိုချင်တာ ငါ့ဆီက အကုန်ရယူပြီးနေပြီပဲ..အခုငါ့ကို လွတ်မြောက်ခွင့်ပေးပါတော့"

"ဟက်..ဟက်..ခင်ဗျားကို ကားတင်ပြေးလာတာ..တဏှာထဖို့သက်သက်ပဲ ခင်ဗျားတွေးထားပုံရတယ်..ကျုပ်မပြောခဲ့ဘူးလား...အသေးလေး...ခင်ဗျားကို ကျုပ်သိပ်ချစ်တယ်..ပိုင်ဆိုင်ချင်တယ်..အဲ့ဒါကြောင့်မို့ အခုလို ရယူခဲ့တာ..ပြီးတော့ ခင်ဗျားက
ကျုပ်ရဲ့ တရားဝင်ယောက်ျား တစ်ယောက် ဖြစ်နေပြီ..ကျုပ်ကွာရှင်းခွင့်မပေးမချင်း ခင်ဗျား ဘယ်ကိုမှ ထွက်ပြေးလို့မရဘူး"

စေလိုရာစေ(Completed)Where stories live. Discover now