Ep(2)

10.3K 528 0
                                    

စေလိုရာစေ..

(Unicode)

"ဆရာ..မနေ့က မှာထားတဲ့ ဆေးတွေ..ဆေးကုမ္ပဏီက လာပို့တယ်.."

"ဟုတ်ပြီ..ရော့..မိနွယ်..ဆရာအိတ်ထဲက အနက်ရောင် ပိုက်ဆံအိတ်ထဲက ကျသလောက် ရှင်းပေးလိုက်.."

"ဟို..ဆရာပဲ ရှင်းပေးလိုက်ပါနော်..မိနွယ်..ဟို"

ဒီကောင်မလေး သူ့ပိုက်ဆံအိတ်ကို အလွယ်တကူ ထုတ်ယူဖို့ ဝန်လေးနေပုံပဲ။ဘဝပေးအခြေနေရ ဆင်းရဲပေမယ့် မိနွယ်က ရိုးသား အေးဆေးတဲ့ကောင်မလေးပင်။ဒါကြောင့်လည်း အခုလိုတွန့်ဆုတ်နေတာ။

"ဆရာ..မိနွယ်ကို ယုံတယ်လေ..အဲ့ဒါဆို ရပြီမလား..ကဲပါ..ဆရာ လူနာကြည့်ရဦးမယ်..သွား..ကျငွေ ရှင်းပေးလိုက်..​ေဩာ်..ပြီးတော့ မိနွယ်အားရင် ဆရာ့ကို ဒီနားဆိုင်က ခေါက်ဆွဲကြော်တစ်ပွဲဝယ်ပေးဦး..ရတယ်မလား"

"ဟုတ်..ရတယ်..ဆရာ..ဒါဆို မိနွယ် ငွေရှင်းပေးလိုက်ဦးမယ်..ပြီးရင် ဝယ်ပေးမယ်နော်"

လေညှင်း ခေါင်းညိတ်ပြပြီး ဆေးကုခန်းထဲ ဝင်ခဲ့လိုက်သည်။တကယ်ဆို မိနွယ်လို ဆယ့်ခြောက်နှစ် အရွယ်လေးတွေက မိဘအရိပ်အောက် ပညာသင်ရဦးမယ့် အရွယ်လေးတွေ။

ဘဝပေးကမကောင်းတော့ မိဘနှစ်ပါး ဆုံးသွားပြီး သူ့အောက် အငယ်လေး လေးယောက်ကို ရှာဖွေကျွေးမွေးနေရတဲ့ မိနွယ်လေးက တကယ် သနားစရာပင်။

လေညှင်း လက်ကို သေချာ ဆေးကြော ဆေးကုဖို့ အဆင်သင့်ပြင်ပြီးနောက် ပထမဆုံး လူနာကို စခေါ်လိုက်သည်။

ဆေးခန်းလိုက်ကာလေး လှုပ်ခတ်သွားလို့ ကြည့်လိုက်တော့ ပထမဆုံး ဝင်လာတဲ့ လူနာ မြေးအဖွား။ဝေဒနါ ပြင်းထန်လို့ နာကျင်နေတဲ့ အဖွားကို ဘေးကနေ လေညှင်းထက် နည်းနည်းငယ်မယ့် ကောင်မလေး တစ်ယောက်က သေချာတွဲ၍ အခန်းထဲ ဝင်လာလေသည်။

"လာ..အဖွား..ဒီမှာ လှဲလိုက်နော်..ကဲ..ပြောပါဦး..ညီမ..အဖွား ဘာဖြစ်လို့လဲ"

"အဖွား..အဖွားက ခေါင်းတွေ အရမ်းမူးနေလို့် ဆရာ..ပြီးတော့ တချက်တချက် အသက်ရှုကြပ်တယ်လို့​ပြောတယ်..တနေ့လုံး အစားလည်း မစားဘူး..ငိုနေတာ..အခု ဆေးခန်းလာမှ တိတ်သွားတာ..ကူညီပါဦးဆရာရယ်"

စေလိုရာစေ(Completed)Where stories live. Discover now