Ep(53)

5.1K 306 9
                                    


စေလိုရာစေ....

(Unicode)

ပါးစပ်က တိတ်ကို ခွာပေးလိုက်တာနဲ့ မျက်စိရှေ့က မီးလောင်ပြင်ကြီးကို သွေးပျက်စွာကြည့်
ပြီး အားကုန်ရုန်းကာ အော်ဟစ်အကူညီတောင်းမိသည်။

"ငါ့ကိုလွှတ်!..အထဲမှာမောင်ရှိတယ်..ငါသွားမှရမှာ..ငါ့ကိုလွှတ်လို့!!..အင့်ဟင့်..မောင်ရေ.."

မျိုးထက်သာသည် မှော်စက္ခကိုသတ်ပစ်ဖို့ နည်းလမ်းများစွာထဲမှ ကလေးကို မျှား၍ ထင်ယောင်ထင်မှား ဖြစ်စေသော လှည့်ကွက်ကို အသုံးချလိုက်တာဖြစ်သည်။ကလေးနဲ့ပုံစံတူ အရွယ်တူ ကောင်လေးတစ်ယောက်ကို ကလေးဝတ်ထားတဲ့ အဝတ်စားနဲ့လဲဝတ်စေပြီး မှော်စက္ခ မရိပ်မိစေရန် နောက်ကျောပေး ကြိုးတုပ်ထားခဲ့ခြင်းဖြစ်သည်။

ထင်သည့်အတိုင်း လည်လှပါချည်ရဲ့ဆိုတဲ့ တချိန်က မရဏခေါင်းဆောင်ကြီးက
မျိုးထက်သာရဲ့ ကျော့ကွင်းမှာ ကြာကြာတောင် ထောင်မဖမ်းလိုက်ရ။အခုဆို သူ့အဖေကို ဒုက္ခိတဖြစ်စေခဲ့တဲ့ သူတန်ဖိုးထားရတဲ့ ချစ်သူကို လုယူသွားတဲ့ မှော်စက္ခကို လှလှပပကြီး ကလဲ့စားပြန်ချေနိုင်ခဲ့ပြီ။

"အား!..မင်း နာချင်နေပြီ ထင်တယ်..မင်းလကင်နောက် အဲ့လောက်တောင် လိုက်သွားချင်နေတာလား..ဟမ်!..အဲ့ကောင်က ငါ့ထက် ဘာတွေများ သာနေလို့လဲ..ပြောစမ်းပါ.."

ချုပ်ထားတဲ့လက်ကို ကုန်းကိုက်လိုက်ပြီး မောင့်ဆီပြေးသွားဖို့ ကြံပေမယ့် မျိုးထက်သာက လည်သည်။လွတ်သွားတဲ့လက်ကို ချက်ချင်းပဲ နောက်ကနေ ဆံပင်ကို ဆောင့်ဆွဲ၍ သူ့အနားကိုပြန်ဆွဲကပ်သည်။

"မယှဥ်နဲ့..မောင့်ကို ခင်ဗျားနဲ့ ယှဥ်စရာ ဘာအကြောင်းမှမရှိဘူး!"

"ဟာ..ငါကွာ!!"

"ဖြောင်း!!"

ကတ်ကတ်လန်အောင် ရန်တွေ့နေတဲ့ လေညှင်းသွဲ့ကို အားနဲ့ နောက်ပြန် ကန်ချလိုက်သည်
ကြောင့် မြေကြီးပေါ်လဲကျသွားသည်။

"ဟား..ဟား..မင်းရဲ့ချစ်လှစွာသော လင်ငယ်က အခုလောက်ဆို ပြာမှုန့်လား..အရိုးစုလား တစ်ခုခုတော့ ဖြစ်နေပြီ..ငို..ကြိုက်သလောက်ငို..ကလေးလို့ခေါ်ပြီး အငိုတိတ်အောင်ချော့ခဲ့တဲ့ မျိုးထက်သာဆိုတဲ့ကောင်က ဟိုကောင့်နောက် ကောက်ကောက်ပါအောင် လိုက်သွားကတည်းက သေဆုံးသွားခဲ့ပြီ..မင်းလင်လည်း ဘဝကူးသွားပြီဆိုတော့ အခုကစပြီး မင်းငါ့ဆီမှာ ကျွန်တစ်ယောက်လို ခစား​ေစရမယ်..လေညှင်းသွဲ့!!"

စေလိုရာစေ(Completed)Where stories live. Discover now