Ep(13)

5.9K 355 8
                                    


စေလိုရာစေ..

(Unicode)

"ပြော..မြန်မြန်ပြော..ဖြစ်နိုင်ရင် အစ်ကိုနဲ့ တစ်စက္ကန့်တောင် မျက်နှာချင်း မဆိုင်ချင်ဘူး"

"ဟုတ်ပါပြီ..ကလေးရယ်..ဒီလိုပါ..ကိုယ် ကလေးကို လမ်းခဲွဲပြီး အိမ်ကပေးစါးတဲ့သူနဲ့ လပ်ထပ်သွားခဲ့တာ အမှန်ပါ..ဒါပေမယ့် ကိုယ် မဒီ့ကို တကယ် မချစ်ခဲ့ပါဘူး..ပြီးတော့.ကိုယ်လပ်ထပ်လိုက်ရတဲ့ အကြောင်းရင်းနောက်တစ်ခုရှိသေးတယ် ..

မဒီက တကယ်တော့ အချိန် တစ်နှစ်သာ ကျန်တော့တဲ့ ကင်ဆာဝေဒနါရှင် ဖြစ်နေလို့ပဲ.ကလေးစဥ်းစားကြည့်ပါ..နောင်တချိန်..ဆရာဝန်ဖြစ်လာမယ့်ကိုယ်က..လူနာရဲ့နောက်ဆုံးဆန္ဒကို ဘယ်လိုလုပ် မျက်နှာလွှဲရမှာတဲ့လဲ အဲ့ဒါကြောင့်..ကိုယ်ရင်နာနာနဲ့ပဲ ကလေးကို လမ်းခဲွဲပြီး မဒီ့ရဲ့နောက်ဆုံးဆန္ဒကို လိုက်လျောပေးခဲ့တာပါ.."

ဒါဆို လေညှင်း ဆယ်နှစ်လုံး သိထားခဲ့တာတွေက အကုန်အထင်လွဲနေခဲ့တာပေါ့။တကယ်တော့ လေညှင်း ထင်ခဲ့တာက ကိုမျိုးက သူ့ကိုအပျော်တွဲခဲ့ပြီး နောက်ဆုံးမှာ သူတကယ်ချစ်တဲ့ မိန်းကလေးနဲ့ လပ်ထပ်သွားခဲ့တာ။

အခုတော့ ကိုမျိုးက မလွဲသာလို့ လပ်ထပ်ခဲ့ရတာတဲ့လား။ကံကြမ္မာက အစကတည်းက လေညှင်းနဲ့ကိုမျိုးကို ကွဲစေချင်ခဲ့သလားလေ။

ထက်သာ ကလေးကို အကြောင်းစုံရှင်းပြနေရင်းနဲ့ ကလေးရဲ့ မျက်နှာပေါ်က အံဩသွားတဲ့ အရိပ်ယောင်လေးတွေ သူ့ကိုသနားငဲ့ညာတဲ့ အကြည့်လေးတွေကို မျက်တောင်မခတ်တမ်း ပျောက်သွားမှာ စိုးသည့်အလား စူးစိုက်ကြည့်နေမိတယ်။

ကလေးက အရင်တိုင်းလေးပဲ။ဖြူစင်တယ်။ရိုးသားတယ်။တဖက်သားကို စာနာထောက်ထားတတ်တဲ့ အပြစ်ကင်းစင်တဲ့ ကလေးငယ်လေး။

"ကိုယ်..ကလေးကို မဒီဆုံးသွားပြီးနောက်ပိုင်း ကျောင်းမှာလာရှာပါသေးတယ်..ဒါပေမယ့် ကလေးက နယ်ဘက်ကို ပြောင်းသွားတယ်ဆိုတဲ့ သတင်းသာ ကြားလိုက်ရတယ်..ဘယ်ကိုပြောင်းသွားလဲဆိုတာ ဘယ်သူမှမသိသလို ကိုယ့်အတွက် နောက်ဆုံး မျှော်လင့်ချက် လေး..ကလေးဖုန်းနံပါတ်လေးကို ခေါ်ကြည့်ခဲ့ပါသေးတယ်..

စေလိုရာစေ(Completed)Where stories live. Discover now